Part5

316 22 0
                                    

ခန ဒီလူကြီး ငါ့ကို ကလေးလေး လို့ခေါ်လိုက်တာလား ဝါးးးး ဒီလူကြီး ပိုင်စိုးပိုင် နင်းနဲ့

ဖန်လဲ သူ့ ပါးစပ်က လွှတ်ကနဲ ထွက်သွားတော့ ပါးစပ် မြန်မြန် ပိတ်လိုက်ရတယ်

ရှန့် သူ့ကို ကလေးလေးလို့ ခေါ်တဲ့ လူကြီးကို ဘုကြည့်ကြည့်ပြီး ပြောလိုက်တယ်

"ဘာလဲ လူကြီးရာ... မပီးနိုင်သေးဘူးလား "

ဖန် သူ့ရှေ့က စိတ်မရှည်တဲ့ ပိစိကို ကြည့်ပြီး အသဲတယားယားဖြစ်နေမိသည်

"ဟို ကိုယ်ပြောချင်တာက ကိုယ်လိုက်ပို့ပေးရမလား မေးမလို့ပါ..... "

လို့ပြောမှ ပိစိလေး တင်းနေတဲ့ မျက်နှာထားက လျော့သွားတော့တယ်

"ok လေ လူကြီး ဒါဆို mood club ကိုပို့ပေး "

ပိစိလေးက club တက်တယ်ပေါ့လေ အဆိုးအဆာလေးပဲ

       ဖန် လဲ အတွင်းရေးမှူးကို ဖုန်းဆက်ပီး ကားလာယူဖို့ပြောပြီး

ပိစိလေးပြောတဲ့ အတိုင်း club ရှိရာကိုသာ မောင်းပို့ပေးရတော့တယ် မဟုတ်ရင် ဘုကြည့်ကြည့်နေတဲ့ ပိစိရဲ့ ရန်တွေ့နေတဲ့ နှုတ်ခမ်းပိစိလေးကို နမ်းမိမှာစိုးလို့ ပထမ အကြိမ်တွေ့တဲ့ ရက်မှာတင် နမ်းလိုက်လို့ ပါးချပြီး အမြင်မကြည်ရင် ဒုက္ခနဲ့ လှလှနဲ့တွေ့မယ် ပိစိလေး မငြိုငြင်အောင် ဆင်ခြင်ရမယ်

         ရှန့် သူ့ကို clubရှေ့ရောက်တော့ ကားပေါ်က ဆင်းပီး

"hey လူကြီး thankနော်  ကားကိစ္စကိုတော့ ပြီးမှ phone ခေါ်လိုက် bye 👋"

    "ok bye ကလေးလေး 😊"

clubထဲဝင်ပီး မျက်လုံးလေး တချက်ဝေ့လိုက်တာနဲ့ ရှန့် သူငယ်ချင်းတွေကို လှမ်း မြင်နေရတယ်

      သူတို့ဆီပဲ တည့်တည့် လျှောက်သွားလိုက်ရင်း ဟို စကားပြောလိုက် ဒီစကားပြောလိုက် alcohol လေးသောက်လိုက်နဲ့ ငြိမ့်နေတယ်

       ပါးပါးအကြောင်းကို တွေးလိုက်မိတော့ ဒေါသက ထောင်းကနဲထွက်လာတယ် ရင်ဖွင့်စရာ မယ်ရီမရှိတော့ အရက်ကြီးပဲ လှိမ့်သောက်နေလိုက်တယ်

        နည်းနည်း အရှိန်ရလာတော့ dancing floor ထဲဆင်းပီး သူငယ်ချင်းတွေနဲ့ ကတယ် သူငယ်ချင်းတွေထဲက bet က ရှန့်နဲ့ တူတူက ပေးနေတယ်

        ရှန့် လက်ကလေးတွေ ခါးလေးတွေကို တခါတခါ လာကိုင်တော့ ခနတော့ သည်းခံလိုက်သေးတယ် နောက်တော့ ဆက်မက ချင်တော့လို့ သူတို့ကို နှုတ်ဆက်ပြီး အိမ်ကိုသာ ပြန်လာလိုက်တော့တယ်

       betတို့ကို သဘောကျပေမဲ့ တခါတလေ ရှန့်ကို ကြည့်နေတဲ့ အကြည့်တွေကို ရှန့်မကြိုက်မိဘူး မရိုးမသားအကြည့်နဲ့ ကြည့်နေတယ်လို့ ထင်နေမိတယ်

       ဒါကလဲ ရှန့် အထင်ပါပဲလေ လူတစ်ယောက်ကို အပေါ်ယံပဲ မကြည့်သင့်ဘူး လူတစ်ယောက် အကြောင်းကို ကောင်းကောင်းမသိပဲနဲ့ လဲ မစွပ်စွဲသင့်ဘူးလေ တစ်ဘက်လူကို အားနာဖို့ ကောင်းတယ်မလား

       အိမ်ရောက်တော့ ပါးပါး ကိုမတွေ့ဘူး မတွေ့လဲ ကောင်းတာပဲလေ မဟုတ်ရင် ဟိုမိန်းမကြီး အကြောင်းကို မေးနေမိမယ်

မေးမိရင် ပါးပါး ပြောလာမဲ့ အဲ့ မိန်းမကြီးနဲ့ သူနဲ့ ပက်သက်မှုက စီးပွားရေး အရ မဟုတ်ဘဲ ရှန့် အတွေးထဲကလို ဖြစ်နေမယ်ဆိုရင် ပါးပါး ပစ်သွားမယ်ဆိုတဲ့ စိတ်က ကြီးစိုးနေတယ်

ပါးပါးက အဲ့မိန်းမကြီးနဲ့ လက်ထပ်ပြီး မားမားလို နောက်အိမ်ထောင်နဲ့ ရှန့်ကို ပြစ်သွားလိမ့်မယ် ဆိုတဲ့ အတွေးတွေပါ တွေးလာပြီး ရှန့် စိတ်ဓာတ်တွေ ကျလာမိတယ်

ရှန့် လန်းဆန်းသွားအောင် ရေမိုးချိုး အောက်ဆင်းထမင်းစားပီး အိပ်ဖို့တာ ပြင်လိုက်တော့တယ်

စိတ်ညစ်စရာထပ်မတွေးချင်ပါ ပျော်ရွှင်တဲ့ မိသားစုလေး တနေ့ရမှာ ဆိုတဲ့ မျှော်လင့်ချက် သေးသေးလေးကို လဲ မဆုတ်ကိုင်ချင်တော့ပါ ငယ်ငယ်ကလို မိသားစု ထမင်းဝိုင်းလေးလဲ ပြန်ရမယ်လို့တွေးမနေချင်တော့ပါ

ဒီနေ့တော့ အေးအေးဆေးဆေး ပဲ အိပ်ပျော်သွားအောင် အိပ်ဆေးလေးအကူယူပြီး နစ်နစ်ခြိုက်ခြိုက် အိပ်ပစ်လိုက်ပါရစေ

နောက်နေ့မနက်တော့ ဒီလို စိတ်ဓာတိကျနေတဲ့ ရှန့်ပုံစံ မဟုတ်ပဲ အရင်ကလို ဂျစ်ကန်ကန်နဲ့ စိုးတဲ့ ကောင်မလေး မျက်နှာဖုံးနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ရအုံးမယ်မဟုတ်လား မနက်ဖြန်အတွက်အားရှိအောင် ကြိုတင်ပြင်ဆင်ရင်း

အိပ်စက်ခြင်းဆီသို့......................

#upကြာတာ sorry 😘
ficက အတွေးထဲပေါ်တာ ကို လက်တန်းရေး ထားတာမို့ပါ မကောင်းလဲ သည်းခံကြပါနော် ပထမဆုံးရေးသားမှု ကို သေချာအမှားမရှိအောင် ဇာတ်လမ်းတွေကို ဆက်စပ်ပြီးတော့ ရေးနေပါတယ် 😊😊😊😉😉😉
တခါတလေ အပျင်းထူရင် upကြာမယ်နော် 😅
Sean zhou

ပြန်လည်မွေးဖွားလာသော သူ (သို့) သူမWhere stories live. Discover now