ရှန့် ဒီနေ့ စိတ်ကြည်နေသည် crushလေးနဲ့ တူတူ ကျောင်းလာရတာဆိုတော့လဲ 😁😁
မယ်ရီကိုလဲ ဒီအကြောင်းကြွားမယ်လို့ တွေးနေမိသည် အဲ့လိုဆိုမှ မယ်ရီနဲ့လဲ မတွေ့ရတာ ကြာပီလို့ တွေးမိသည် ရှန့် ဖုန်းထုတ်ပြီး မယ်ရီဆီ ဆက်သွယ်လိုက်သည်
သို့သော် မယ်ရီ ဖုန်းမကိုင်ပါ ဖုန်းမကိုင်မဲ့ တူတူတော့ message ပို့ထားလိုက်မည် ဟု ရှန့်တွေးမိသည်
ရှန့်ရဲ့ လက်ချောင်း သွယ်သွယ်လေးတွေဟာ
ဖုန်း screen မှာ အပြေးအလွှားလေး နေရာယူလို့"မယ်ရီ ရှန့်တို့တွေ မတွေ့တာကြာပြီ နေမကောင်းများဖြစ်နေလား message တွေ့ရင် အကြောင်းပြန်အုံးနော် ...........
ဒီနေ့လင်း က ကျောင်းလိုက်ပို့ပေးတော့ အရမ်းပျော်နေတာ 😇မယ်ရီကိုကြွားမလို့ ဒါမဲ့ မယ်ရီကိုမတွေ့တော့ ရှန့် အားငယ်သွားပြီ 🥺
ဒါနဲ့ နောက်လာမဲ့ အပတ် weekend မှာ ရှန့်တို့တွေ ဆုံကြမယ် ရှန့် မယ်ရီအတွက် surprise အကြီးကြီးလုပ်ထားတယ် မယ်ရီ အရမ်းကြိုက်မယ်လို့ မျှော်လင့်တယ် နေရာကို နေရာနဲ့ အချိန်ကိုနောက်မှ message ပို့လိုက်မယ်bye mary izzz 🙆🏼♀️❤️"
ရှန့် surprise ကို ဘယ်လိုလုပ်ရမလဲ ဆိုတာတွေးနေတုံး အတန်း ခေါင်းလောင်း မြည် နေတာကြောင့် အတန်းသွားတက်လေသည်
လင်းရန်တယောက် ကားကို အရှိန်တင် မောင်းပီး သူ့ရဲ့ ချစ်သူ အသစ်စက်စက်လေး စိတ်မဆိုးဖို့ အရေး တို့အရေးနဲ့
မီးပွိုင့်တွေကို ဘယ်လိုကျော်လို့ ကျော်မှန်းမသိအောင် မောင်းနှင်နေမိသည်တဖက်က မယ်ရီကလဲ မနက်ထဲက စောင့်နေရတာ စိတ်က မရှည်တော့ , ဒါ့အပြင် ချစ်သူ ဖြစ်တဲ့ ပထမဆုံးရက်မှာ တင် နောက်ကျတော့ လင်းရန်ကို စိတ်ပျက်ချင်လာတယ် ဖုန်းဆက်တော့လဲ မကိုင် တော်တော်ကို စိတ်မရှည်တော့ဘူး
အဲ့အချိန်မှာပဲ ရှန့်ဆီကဖုန်းက ဝင်လာတယ်
"ဒီမိန်းမ ဘာလို့ ဖုန်းဆက်ရတာလဲ စိတ်ညစ်နေရတဲ့ ကြားတည်း ဒီတယောက် က တမောက်ပဲ" ဆိုပြီးစိတ်မရှည်စွာ ရေရွတ်တယ်
အဝင်call 3ခေါက်လုံးကို မကိုင်ပဲနေလိုက်တော့ message ကဝင်လာတယ်
သက်ပြင်းရှည်ကြီး တချက်ချပြီးတော့ ဖုန်းကို ကောက်ကိုင်လိုက်တယ်
YOU ARE READING
ပြန်လည်မွေးဖွားလာသော သူ (သို့) သူမ
Fantasyကြာဖြူပန်း(လက်ဖက်စိမ်းမ) မယ်ရီရှင်း နဲ့ သူရဲ့ရွှေခြေသလုံးထောက်တိုင်ကြီး ဇာတ်လိုက် လင်းရန် တို့ကြောင့် ကျိုးကျင်းရှန့်ဟာသေဆုံးခဲ့ရပြီး သူမသေဆုံးခင် ၅နှစ်အလိုကိုပြန်ရောက်လာခဲ့တဲ့အချိန် ဘယ်လိုတွေပြောင်းလဲသွားပြီး သူချစ်ရတဲ့ လင်းရန်ကိုကော ဆက်ချစ်နိုင်ပါ...