ရှန့် အခု ကျောင်းသွားဖို့ ကားကလဲ မရှိ ၊ ပါးရဲ့ ကားနဲ့ ကလဲ မသွားချင် ဒီတော့သူ့ရဲ့ crushလေးကို ပဲ လာခေါ်ခိုင်းဖို့ တွေးလိုက်တယ်
လင်းရန်ကို မတွေ့ဖစ်တာ ကြာပီ လို့တော့ ပြောရမယ် လင်းက ရှန့် ဖုန်းခေါ်တိုင်း မအားဘူး project လုပ်နေလို့ သူ့daddyက ဘာခိုင်းလို့ ညာခိုင်းလို့ အလုပ်ရှိတေလို့ဆိုပြီး သူ့ရဲ့ မပီးနိုင်တဲ့ အမျိုးမျိုးသော အကြောင်းပြချက်တွေကိုပေးပြီး ရှန့်ရဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းချက်ကို ခနခန ငြင်းပယ်နေခဲ့တယ်
တကယ်လဲ လင်း မအားပါ ရှန့် သိသည် လင်းက ကျောင်းတစ်ဖက် သူ့ daddyရဲ့ အလုပ်မှာရော အလုပ်သင်ရင်း ပညာတွေ သင်ယူနေသည် ကျောင်းပြီးတာနဲ့ တခါထဲ company ကိုလက်ပြောင်းယူမှာ ဆိုတော့ သူအခုထဲက သင်ထားတာ မမှားဘူးဆိုတာ ရှန့်တွေးမိသည်
ဒါပေမဲ့ ခနခန ရှန့်ကို ခနခန မအားဘူးလို့ ပြောနေတာတော့ ဘဝင်မကျ ခနခနမအားဘူးဆိုတော့လဲ ဘယ်လောက်ပဲ သည်းခံနိုင်တယ်ပြောပြော တခါတလေတော့ ဒေါသ ပိစိလေးထွက်မိတာပေါ့ ကိုယ်က လူပဲလေ လူတောင်မှ ရိုးရိုးလူမဟုတ် အပြောင်းအလဲ သိပ်မြန်တဲ့လူ
လင်းကို ရှန့် ဖုန်းခေါ်လိုက်ပြီး တဖက်က ထွက်လာမဲ့ သြရှရှ အသံလေးကိုနားစွင့်နေမိပြီး ဒီတခါတော့ ငြင်းလို့မရအောင် စကားကို ကြိုတင်ပိတ်ဖို့ ပြောရမဲ့ စကားလုံးတွေ ခေါင်းထဲမှာ တန်းစီနေမိသည်
တဖက်က helloဆိုတဲ့ အသံထွက်လာချိန်မှာတော့ လုံးဝ ဖုံးမရဖိမရ အပြုံးတစ်ခု က ရှန့် ရဲ့ မျက်နှာမှာ ဖစ်နေမိတယ်ဆိုတာ ရှန့်ကိုယ်တိုင်တောင် သတိမထားမိ
ရင်တွေလဲ ခုန်နေမိသည် စက္ကန့် မနည်းငယ် ကြာမှသာ သူ့ကို တုံ့ပြန်စကားပြောလိုက်သည်
"hello လင်း နင်နော် ငါဖုန်းမဆက်တာနဲ့ ငါ့ကို မေ့ထားတယ်ပေါ့လေ နင်မကောင်းဘူး ငါ့ကို ပစ်ထားတယ်"
တဖက်က လင်းမှာလဲ ရှန့်တစ်ယောက် ဒီလိုပြောတာကို အရင်က ရယ်သံစွတ်စွတ် အသံနဲ့ တုံ့ပြန်စကားပြောမိပေမဲ့ အခုတော့ သူ့ရဲ့ အသံမှာ စိတ်ပျက်မှု အနည်းငယ်ပါနေတယ်ဆိုတာ ရှန့်တယောက် သိပါတယ် 🤔
ဒါပေမဲ့ သိပ်တွေးမနေ ရှန့်က လင်း အလုပ်ဖိစီးမှုတွေများလွန်းပြီး ပင်ပန်းလို့ဟုသာ သတ်မှတ်လိုက်သည်😊
တဖက်က လူက စကားမပြောလာတော့
ရှန့်ကပဲ စကားထက်စလိုက်တယ်
"hello လင်း ဘာလို့ပြန်မပြောတာလဲ"😪ထိုအခါ မှလင်းက
" sorry ငါအတွေး များနေလို့ပါ 🙂အခုတလော အလုပ်များလို့လေ 😶"
ရှန့်က
" ommပါ ငါသိပါတယ် ဒါပေမဲ့ ငါတို့ မတွေ့ဖစ်တာ ကြာနေပြီလေ လင်းရယ် ဒီတခါတော့ ငါ့ကိုလာခေါ်ပါ ကျောင်းတူတူ သွားရအောင်လေနော် ငါ့ကားကလဲ နေမကောင်းတော့ ဆေးခန်းပို့ထားတယ် ပါးရဲ့ ကားလဲ မစီးချင် နော် တူတူသွားရအောင်လေ😁"
လင်းကလဲ သူတစ်စုံတစ်ယောက်နဲ့ ချိန်းထားတဲ့ ကိစ္စကြောင့် ရှန့် ပြောတာကို ငြင်းချင်နေမိသည် 😕
ပီးတော့ ရှန့်နဲ့ မတွေ့ရတာလဲ ကြာပြီဆိုတော့ တွေ့သင့်ပါတယ်လေ လို့လဲတွေးမိသည် 🧐ထိုအခါ လင်းက
"ok ok လာခေါ်မယ် အဆင်သင့်ပြင်ပီး စောင့်နေနော် ဟုတ်ပြီလား"
"okရှန့် စောင့်နေမယ် bye😇"
ဖုန်းချလိုက်ပြီးတော့ ပြင်ဆင်စရာရှိတာ ပြင်ဆင်နေမိသည်
ပြင်ဆင်ပြီးနောက် ရှန်ရဲ့ ဖုန်းထဲသို့ unknown နံပါတ်တစ်ခုက missed call 📞 ၄ခါဖစ်နေတာကို တွေ့လိုက်တယ် ရှန့် ပြန်ခေါ်မလို့ ကြိုးစားလိုက်ပင်မဲ့
ခြံထဲဝင်လာတဲ့ကားရဲ့ ဟွန်းတီးသံကြောင့် ပျော်သွားကာ ထို ဖုန်းcallလေးကို သတိမရတော့ပေ
အိမ်ရဲ့ လှေကားကနေ ပြေးဆင်းလာပြီး လင်းကို လက် 🖐️ပြလိုက်ကာ ကားထဲကို ဝင်လိုက်သည်
တစ်လမ်းလုံး ရှန့်ကသာ တီတီတာတာ ပြောနေပေမဲ့ လင်းကတော့ ရှန့် စကားကို ခေါင်းငြိမ့်ရုံ အင်း အွန်း ပြောရုံ နဲ့တင် ပြီးနေသည်
တကယ်တော့ လင်းသည် ရှန့် သူကိုခေါ်သည့်အတွက် အခြားသူနဲ့ ချိန်းဆိုမှုက ပျက်သွားရတာကြောင့် သူတဖက်က လူ စိတ်ဆိုးမှာ စိုးနေမိသည် ရှန့်ပြောသမျှလဲ နားမဝင်
ဘာလိုလိုနဲ့ ကျောင်းရောက်လာတော့ ရှန့်နဲ့ လင်း နှုတ်ဆက် စကားပြောပြီး ကိုယ့် အတန်းကိုယ် သွားတက်ကြသည်
ရှန့်က သာ အတန်းသွားတက်ပေမဲ့ တကယ်တော့ လင်းက အတန်းဘက်ကို လျှောက်သွားချင်ယောင်ဆောင်ပြီး ကားကို ကျောင်းဝန်းထဲမှ ပြန်မောင်းထွက်သွားတာ
"ရှန့် မသိလိုက်ပေ"
#sean zhou
sorry for update late😁😁😁
သာသာ အပျင်းထူနေတာ😅

YOU ARE READING
ပြန်လည်မွေးဖွားလာသော သူ (သို့) သူမ
Fantasyကြာဖြူပန်း(လက်ဖက်စိမ်းမ) မယ်ရီရှင်း နဲ့ သူရဲ့ရွှေခြေသလုံးထောက်တိုင်ကြီး ဇာတ်လိုက် လင်းရန် တို့ကြောင့် ကျိုးကျင်းရှန့်ဟာသေဆုံးခဲ့ရပြီး သူမသေဆုံးခင် ၅နှစ်အလိုကိုပြန်ရောက်လာခဲ့တဲ့အချိန် ဘယ်လိုတွေပြောင်းလဲသွားပြီး သူချစ်ရတဲ့ လင်းရန်ကိုကော ဆက်ချစ်နိုင်ပါ...