Ending

7.7K 400 20
                                    

Unicode

မုန်တိုင်းမလာခင်ရေပြင်ငြိမ်သက်ဆိုသလို
မုန်တိုင်းလာပြီးရင်လဲကောင်းကင်ကြီးကကြည်လင်ပြီးအလှပဆုံးလှနေတတ်သည်မလား ၊

ယခုလဲ မုန်တိုင်းတိုက်ခတ်ပြီးလို့လှပနေတဲ့ကောင်းကင်ကြီးလို ကျတော့်ဘဝကြီးကအချစ်တွေနဲ့ပြည့်နှက်ကာလှပနေတော့မည်လေ....

ကျတော်ပျော်သည် ၊
ယနေ့က ကျတော်အပျော်ရဆုံးနေ့....
ဘာလို့ဆို ဒီနေ့ဟာ ကျတော် နဲ့ min မင်္ဂလာဆောင်သောနေ့ပင် ၊

ကျတော် min နဲ့ယခုလိုအတူတူနေနိုင်ဖို့ ကျတော်မျှော်လင့်ခဲ့ရတယ် ကျတော်စောင့်ခဲ့ရတယ် နာကျင်ခဲ့ရတယ် min နဲ့ဝေးကွာနေခဲ့ရတဲ့အချိန်တွေဆိုကျတော်သေမတတ်ခံစားခဲ့ရတယ် ၊
ဒါပေမယ့် ယခုတော့ ဒီခံစားမှုတွေမရှိနိုင်တော့သလို min နဲ့ ကျတော့်ကြား လျှို့ဝှက်မှုတွေ နာကျဉ်းမှုတွေ နာကျင်ခံစားမှုတွေဘာတစ်ခုမှမရှိနိုင်တော့ဘူး ။

သူနဲ့ကျတော့်ကြားရှိတာတစ်ခုပဲ ၊
အချစ်.......

ဟုတ်တယ် အဲ့တာအချစ် ၊
min ကလဲကျတော့်ကိုချစ်တယ် ကျတော်ကလဲ min ကိုချစ်တယ် ၊
တော်ပြီလေ ဒီလောက်နဲ့ဆို ကျတော်တို့၂ယောက်ကြားတော်တော်လုံလောက်နေပြီ ၊

ဒီအချစ်တွေကပဲ ကျတော်တို့၂ယောက်ကို ပျော်ရွှင်မှုတွေ သာယာမှုတွေ ကြည်နူးမှုတွေ ပေးနိုင်တယ် ၊

လိမ္မော်ရောင်သန်းနေတဲ့နေအလင်းရောင်အောက် စိမ်းလဲ့လဲ့ရေပြင်ကျယ်ကြီး ၊
ခပ်အေးအေးတိုက်ခတ်နေသော လတ်ဆက်တဲ့ပင်လယ်လေအေး ၊
ပန်းချီကားတစ်ချပ်လိုလှနေတဲ့ပင်လယ်ညနေခင်းကြီးရဲ့အလှက တော်တော်ကြည်နူးဖို့ကောင်းသည် ၊

ထိုအလှတွေနဲ့အပြိုင် ထပ်တူလှနေတဲ့ကျတော့်ရဲ့သတို့သားလေး min.

အဖြူရောင်အနောက်တိုင်းဝတ်စုံဝတ်ထားကာ အင်မတန်ကြည့်ကောင်းနေသော ကျတော့်ရဲ့ min ဟာ တကယ်ကိုနတ်သားလေးတစ်ယောက်အလား......

ငွေမှင်ရောင်ဆံနွယ် အဖြူရောင်ကုတ်အင်္ကျီပေါ်မှာမှ စိန်ပွင့်အသေးလေးတွေကတဖိတ်ဖိတ်တောက်ပနေသည် ၊

စိန်ပမာတလက်လက်တောက်ပနေသောစိမ်းပြာရောင်ပင်လယ်ပြင်ကြီးအားနောက်ခံထားကာ ကျတော့်ဆီလျှောက်လှမ်းလာနေသော အဖြူရောင်နတ်သားလေးကတကယ်ပဲကျတော့်ကောင်လေးလား ၊

EUPHORIA with YOU (JIKOOK) COMPLETEDWhere stories live. Discover now