EXTRA ( 1 )

5.4K 345 20
                                    

Unicode





“ min... “

“ အော် ပြန်လာပြီလား kook “

“အင်း “

အိမ်ရဲ့ဆိုဖာပေါ်မှာတစ်ခါထဲပစ်လှဲချလိုက်တဲ့ jung kook.

“ရော့ ရေအေးအေးလေးသောက်လိုက် ၊
ကိုယ့်ယောကျာ်းကအလုပ်ကနေပင်ပင်ပန်းပန်းပြန်လာတာဆိုတော့ ကျတော်မျိုးကအလိုက်တသိပြုစုပေးရမှာပေါ့”

ကဲ ကြည့် , ကျတော့်အိမ်သူယောကျာ်းကအခုထိအပြောလေးတွေချိုပြီး ချစ်စရာဘယ်လောက်ကောင်းသလဲလို့ ၊
အလုပ်မှာဘယ်လောက် ပင်ပန်း ပင်ပန်း အိမ်ပြန်ရောက်ရင်အမောပြေရစမြဲပဲ ။

မျက်လုံးလေးတွေမှေးစင်းတဲ့အထိပြုံးပြနေတဲ့အပြုံး​ကြောင့် အခုထိရင်တွေတဒိတ်ဒိတ်ခုန်နေရတုန်း ။

ချစ်လိုက်တာ min ရယ်........
ကျတော်ဟာ ဒီကမ္ဘာပေါ်မှာ တကယ့်ကိုကံအကောင်းဆုံးလူသားတစ်ယောက်ပဲဗျာ ၊

“ဟင် မျက်နှာလဲမကောင်းပါလား kookie .
အလုပ်မှာအဆင်မပြေလို့လား”

“မဟုတ်ပါဘူး meeting ကပြန်လာလို့ပါ ရှယ်ယာရှင်တွေနဲ့ဆိုတော့လဲ နဲနဲပင်ပန်းလာရုံလေး ဘာမှမဖြစ်ပါဘူး min ရဲ့”

အမောပြေ min ရဲ့ပါးကိုတစ်ချက်နမ်းရှုံ့လိုက်တော့ ရှက်ပြုံးလေးပြုံးပြလာတဲ့ ကျတော့်ရဲ့ယောကျာ်း ။

“kookie ရေချိုးတော့လေ . ကိုထမင်းပြင်ထားလိုက်မယ်”

“ကြားသားမိုးကြိုး ကျတော့်ကို kookie လို့ပြန်ခေါ်လို့ပါလား”

ပြုံး၍ Jimin ရဲ့မေးစေ့လေးကိုကိုင်ကာမေးလိုက်တဲ့ jungkook

“သမီးလေးမှမရှိတာ ၊
သမီးလေးရှေ့ဆို kookie လို့ခေါ်လို့မကောင်းဘူးလေ ဘယ်လိုပဲငါကမင်းထက်အသက်ကြီးကြီးအခုမင်းကအိမ်ရဲ့အိမ်ထောင်ဦးစီးဆိုတော့လေးစားသမှုနဲ့ သမီးလေးရှေ့ဆို kook လို့ပဲခေါ်နေတာ
အခုသမီးလေးမရှိတော့မခေါ်တာကြာတဲ့ကိုယ့်ယောကျာ်းကိုချစ်စနိုးလေးပြန်ခေါ်တာ ၊
ဘာလဲ မင်းကမကြိုက်လို့လား”

“မကြိုက်စရာလား ကြိုက်လွန်းလို့ .. ဒါဆိုရင် သမီးလေးအိပ်နေတာထင်တယ်”

EUPHORIA with YOU (JIKOOK) COMPLETEDWhere stories live. Discover now