1

1.3K 104 8
                                    

Unicode (zawgyi below)

Mark's POV

"သိပ်အရေးကြီးမနေဘူးမလား"

ကျွန်တော့် Manager Doyoung ရဲ့မချေမငံစကားကြောင့်ကျွန်တော်လန့်ပြီး ထိုင်နေရာကနေ ကျွန်တော့်ဘေးနားမှာမတ်တပ်ရပ်နေတဲ့သူ့ကိုမော့ကြည့်လိုက်မိတယ်

"အရေးတော့မကြီးဘူး ဒါပေမဲ့ schedule လည်းအတည်တကျရှိပြီးသား ပြီးတော့သူတို့ဘက်ကဖိတ်ခေါ်ချက်ကိုလည်းလက်ခံပြီးသားဖြစ်နေတယ် အဲ့တော့ နောက် ၂ ရက်အတွင်းသွားဖို့ပြင်ထားလိုက်ပါ"

Ent ရဲ့ CEO ရဲ့စကားကို DoYoung ကဘာမှပြန်မပြောပေမဲ့ သူ့မျက်နှာအမူအရာဟာသိပ်ကိုပျက်နေတယ် ဘယ်လိုမှသူ့ရဲ့ဒေါသနဲ့စိတ်ညစ်မှုတွေကိုထိန်းချုပ်မရတဲ့ပုံစံနဲ့ကျွန်တော့်ဘေးနားမှာဆက်ရပ်နေတယ်

"ahh ဒါဆိုရင်ကျွန်တော်သွားဖို့စီစဉ်လိုက်ပါမယ်"

Doyoung ကမပြောတော့ ကျွန်တော်ကသာပြန်ဖြေရတယ်

Ent ရဲ့ CEO အခန်းထဲကနေကျွန်တော်တို့ ၂ ယောက်ထွက်လာပြီးတဲ့နောက်မှာ Do Young ကကျွန်တော့်ရဲ့အရှေ့ကိုအတော်ကျော်ကျော်လေးရောက်သွားတဲ့အထိ သူ့ခြေလှမ်းတွေကဒေါသအဟုန်နဲ့မြန်နေတယ်

ကျွန်တော်အမီလိုက်ပြီး သူ့ပခုံးကိုကိုင်လျက်

"မင်းအဆင်ပြေမနေဘူးဆိုတာသိပေမဲ့ ငါတို့အဲ့နယ်ဘက်ကိုသွားမှရမယ် CEO ကိုယ်တိုင်ကအကုန်လက်ခံပြီးသား ဟိုဘက်ကလည်းကမ်းလှမ်းမှုငွေကို CEO လက်ထဲထည့်ပြီးသားလေ"

"ငါငါ့မိဘတွေနဲ့မတွေ့ရတာဘယ်လောက်ကြာနေပြီလဲ ဒီတစ်ပတ်တော့သွားမယ်လုပ်ထားတာ CEO လည်းသိတယ် အဲ့ဒါကိုအဲ့နယ်ဘက်က show ပွဲတစ်ခုကိုဘာကြောင့်များလက်ခံလိုက်လဲစဉ်းစားမရဘူး မဖြစ်မနေမို့ဆိုလည်း ငါ့နေရာမှာ တခြားလူတစ်ယောက်ကို မန်နေဂျာအနေနဲ့ထည့်ပေးလိုက်လို့ရတာပဲ"

Do Young စကားကြောင့် သူ့ပခုံးကိုကိုင်ထားတာကိုလွှတ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိတယ်

"Yaaa မင်းဒီစကားကိုဘယ်လိုစိတ်နဲ့ပြောထွက်တာလဲ ငါကမင်းမရှိရင်အဆင်ပြေမနေတာကိုမင်းသိသိကြီးနဲ့ဒီစကားကိုပြောထွက်တယ်??"

Lost in GlacierWhere stories live. Discover now