Unicode (Zawgyi below)
Jaehyun's POV
ပန်းစည်းတစ်စည်းကိုကျွန်တော်လက်မှာပွေ့ယူပြီး အခန်းနံပါတ် 1.1 အရှေ့မှာရပ်နေလိုက်တယ် အခန်းတံခါးကိုခေါက်လိုက်တော့ သိပ်မကြာခင်မှာလာပြီးတံခါးဖွင့်တဲ့ Jungwoo။
ကျွန်တော့်ကိုမြင်တော့သူကကြောင်သွားတယ်ဆိုတာထက်အံ့ဩသွားတဲ့ပုံပေါ်တယ်
ကျွန်တော်ပြုံးပြလိုက်တော့သူက ကျွန်တော့်ကိုအသိအမှတ်ပြုတဲ့ပုံနဲ့ ပြန်ပြုံးပြလျက်ခေါင်းညိတ်လာတယ်
စောနက Lucas အခန်းထဲကထွက်လာတာကိုကျွန်တော်လှေကားထိပ်ကနေမြင်လိုက်တယ် ဒါ့ကြောင့်အခန်းထဲမှာ Jungwoo တစ်ယောက်တည်းရှိနေတာကိုသိသိကြီးနဲ့ကျွန်တော်လာရခြင်းဖြစ်တယ်
"ဒီပန်းစည်းလေးကို Jungwoo ဆီကျွန်တော်လာပို့တာပါ"
ကျွန်တော့်စကားကြောင့် သူကပိုအံ့ဩသွားသလိုရှိတယ် သူ့မှာ Lucas ရှိနေလျက်နဲ့ကျွန်တော်ကပန်းစည်းလာပေးစရာလားဆိုပြီး ကြည့်တဲ့အကြည့်နဲ့ကြည့်လာပြီး ထိုအကြည့်ထဲမှာ ငါလက်ခံသင့်လား လက်မခံသင့်ဘူးလား ဝေခွဲရခက်နေတဲ့သူ့အတွေးတွေပါရောပါလာတယ်
"Lucas ကကျွန်တော်တို့ကိုလာအပ်ထားတဲ့ပန်းစည်းပါ Jungwoo ကို surprise လုပ်ပေးဖို့ဆိုပြီး ပန်းစည်းလုပ်ခိုင်းထားတာကြာတော့ကြာပြီ ဒီနေ့မှကျွန်တော်ကိုယ်တိုင်ခြံထဲကပန်းတွေနဲ့သေချာပြင်ဆင်ခဲ့တာပါ"
"Ahhh Lucas ကလား"
Lucas ကဒီလိုစီစဉ်ပေးထားတယ်လို့လိမ်ပြောလိုက်တော့ တောက်ပသွားတဲ့အပြုံးကသူ့မျက်နှာမှာပြေးကပ်တယ် ထိုအပြုံးနဲ့ သူ့ရဲ့ပျော်ရွှင်မှုတွေကိုကျွန်တော်စစချင်းမှာပဲမြင်လိုက်ရတော့စိတ်ထဲမှာအသည်းယားသွားတယ် တစ်ခုခုကိုမကျေနပ်တဲ့ပုံစံလိုမျိုး။
"ဒါနဲ့ ကျွန်တော်ပန်းတွေခူးထားရတာဆိုတော့ လက်လေးဝင်ဆေးလို့ရမလား"
"ရတယ် လာလေ"
ကျွန်တော်ပေးလိုက်တဲ့ပန်းစည်းကိုပိုက်ထားရင်း ပြုံးရွှင်နေတဲ့ Jungwoo ကဘာမှမစဉ်းစားဘဲကျွန်တော့်ကိုအခန်းထဲပေးဝင်တယ်
YOU ARE READING
Lost in Glacier
HorrorThis fic is written in both Unicode and Zawgyi. NCT horror fic Thanks to Nyimalay Psin04 for fic cover