5

560 73 3
                                    

Unicode (Zawgyi below)

HaeChan's POV

ည ၁၁ နာရီ

ကျွန်တော်သယ်လာတဲ့ဂိမ်းစက်ဟာအခုအချိန်မှာအသုံးဝင်ဆုံးအရာတစ်ခုဖြစ်နေခဲ့တယ် ပျင်းတာကိုဖြေဖျောက်ဖို့နေရာမှာအသုံးဝင်နေတာပေါ့

ဂိမ်းထဲဈာန်ဝင်နေတာနဲ့တကယ်အပြင်လောကကိုဘာဆိုဘာမှအာရုံမစိုက်နိုင်တော့။ အမေနဲ့ရန်ဖြစ်ပြီးအိမ်ပေါ်ကနေဆင်းလာခဲ့ပြီးတဲ့နောက်မှာ ဘယ်နေရာရောက်လို့ရောက်မှန်းမသိနိုင်တဲ့အခြေအနေမှာ ကံကောင်းစွာနဲ့ပဲဒီ Hotel ကိုကျွန်တော်ရှာတွေ့ခဲ့တာဖြစ်တယ်

ကျွန်တော်အိမ်ကထွက်လာခဲ့တာ ၃ ရက်လောက်ရှိပြီ​ဖြစ်သော်လည်း အိမ်ကဖုန်းကကျွန်တော့်ရဲ့ phone ထဲဝင်မလာခဲ့သလိုကျွန်တော်နဲ့ပတ်သက်ခဲ့သမျှလူအကုန်လုံးကကျွန်တော့်ကိုဆက်သွယ်မလာခဲ့ဘူး ဒီလိုကျတော့လည်းကျွန်တော်ဟာဘယ်လောက်တောင်ဆိုးသွမ်းလွန်းနေလို့ကျွန်တော့်ကိုဘယ်တုန်းကတည်းသူတိူ့ဘေးမှာမရှိစေချင်ကြလဲဆိုတာတွေကို ပိုပြီးပြတ်သားအောင်သိလိုက်ရတယ်

"တီ တီ~~~"

game စက်ကနေ battery ကုန်သွားတဲ့အချက်ပေးသံတစ်ချို့ထွက်လာချိန်မှာ ကျွန်တော့်ဆီကနေစိတ်ပျက်လို့ညည်းသံတစ်ချို့ကလည်းသံပြိုင်ထွက်သွားခဲ့တယ်

"ဟာကွာ တကယ်ဆော့လို့ကောင်းနေပြီဆိုရင်စလာပြီ"

ကစားလက်စပွဲကိုကျွန်တော်ရပ်လိုက်ပြီး battery အားမလောင်တော့တဲ့ game စက်ကိုကျွန်တော်ပိတ်လိုက်တယ်

အခန်းထဲမှာဘာမှလုပ်စရာမရှိဘဲဆက်နေဖို့ကကျွန်တော့်လိုဟိုစက်စက်ဒီစက်စက်လျှောက်သွားတတ်တဲ့လူအဖို့အင်မတန်ပျင်းစရာကောင်းနေမှာဖြစ်လို့ ကျွန်တော် Hotel ခြံဝင်းထဲဆင်းလျှောက်ဖို့ဆုံးဖြတ်လိုက်တယ် အားကုန်သွားတဲ့ game စက်ကို အားသွင်းကြိုးတန်းလန်းနဲ့သွင်းခဲ့ပြီးကျွန်တော်အခန်းသော့ကိုယူလျက် အပြင်ကိုထွက်လာခဲ့တယ်

ကျွန်တော်ကတစ်ယောက်တည်း တည်းရတဲ့အတွက် ကျွန်တော်အပြင်ထွက်ရင်အခန်းထဲဘယ်သူမှမကျန်ခဲ့တာကြောင့် ကျွန်တော့်ရဲ့ပစ္စည်းတွေကိုတစ်ယောက်ယောက်ဝင်ယူသွားမလားဆိုတဲ့အတွေးနဲ့မလုံမခြုံဖြစ်လို့ မနက်စာစားဖို့အောက်ဆင်းတာလေးကအစ အခန်းတံခါးကိုသေချာသော့ခတ်ပြီးမှဆင်းတတ်သူဖြစ်တယ် အခုကညဘက်ကြီးလည်းဖြစ်နေတော့ကျွန်တော်တံခါးသော့ခတ်တာကို ၂ ခါပြန်စစ်နေရတယ်

Lost in GlacierDonde viven las historias. Descúbrelo ahora