3

559 76 4
                                    

Unicode (Zawgyi below)

Chenle's POV

သူတို့ ၂ ယောက်က အသံမထွက်ဘဲတိတ်ဆိတ်နေကြတယ် သူများကားလိုက်စီးရတယ်ဆိုတဲ့အသိနဲ့သူတို့ဘာသာထိန်းချုပ်ထားကြလို့လားတော့မသိပါဘူး

ခဏကြာတော့ သူတို့ကိုကားမှန်ထဲကနေကြည့်ရင်း

"အစ်ကိုတို့ကဘယ်သွားမှာလဲ"

ကျွန်တော်မေးလိုက်တော့ သူတို့ကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းကြောင်နေကြတယ်

"ဟို...... အမှန်တိုင်းပြောရရင် ကျွန်တော်တို့လည်းဘယ်သွားရမှန်းမသိဘူး"

"ဟမ်? ဒါဆိုအစ်ကိုတို့ကဘယ်လိုလုပ်ဒီလမ်းမပေါ်ရောက်နေတာတုန်း ဒါ Neo Zone ကိုသွားတဲ့လမ်းလေ"

"Neo Zone??"

ကျွန်တော်ပြောတော့လည်းသူတို့က အဲ့နယ်နာမည်ကိုတောင်ကြားဖူးတဲ့ပုံမပြောကြဘူး လူကောင်းတွေထင်ပြီးတင်လာတဲ့လူတွေကအခုဘယ်သွားမလဲမေးတော့ မသိဘူးဆိုတော့ကျွန်တော်စပြီးသံသယဝင်လာတယ်

"ကျွန်တော်တို့က.... ရည်းစားတွေပါ.."

တစ်ယောက်ကပြောတော့နောက်တစ်ယောက်ကတံတောင်နဲ့တွတ်လိုက်တယ်

"ahh ကျွန်တော်ကအဲ့လိုသဘောနဲ့မေးတာမဟုတ်ပါဘူး"

"မဟုတ်တာ ! ကျွန်တော်တို့ကအဲ့လိုမထင်ပါဘူး ကားကြုံခေါ်တင်ပေးတာတင်တကယ်ကျေးဇူးတင်နေတာပါ ညီလေးအနေနဲ့လည်း ကိုယ်ကားကြုံတင်တဲ့လူတွေကဘယ်လိုမျိုးလဲဆိုတာသိချင်မှာပဲလေ မသိချင်ရင်တောင်သိထားသင့်တယ်လေ အဲ့ဒါကြောင့် ပြောပြတာပါ ကျွန်တော်က Jeno သူက Jaemin ။ ကျွန်တော်တို့ ၂ ယောက်နောက်ကို သူ့မိဘတွေကလိုက်လာလို့အမြန်မောင်းလာရင်းနဲ့မျက်ခြေဖျောက်ခဲ့လို့ဒီလမ်းမပေါ်ရောက်နေတာ ဒီလမ်းမက Neo Zone သွားတဲ့လမ်းမမှန်းလည်းမသိဘူး အဲ့လိုပုံစံနဲ့ရောက်လာကြတာမို့ ဘယ်သွားလို့သွားရမှန်းမသိဖြစ်နေကြတာ အဲ့အချိန်ကားဘီးကပေါက်သွားတယ် ညီလေးကားလာတော့အရမ်းဝမ်းသာသွားတာ ဒီလမ်းမမှာဘယ်ကားမှမလာတော့ဘူးလို့တောင်ထင်ထားတာ"

"aww အဲ့လိုလား ဒီလမ်းတွေကဒီအတိုင်းပဲအသွားအလာပြတ်လပ်တယ် ဒါနဲ့ ကျွန်တော်က Chenle ပါ Travel blogger တစ်ယောက်ပေါ့ ကျွန်တော့် blog အတွက် Neo Zone ကိုသွားတာ အဲ့မှာက စေ့စေ့စပ်စပ်ရှာနိုင်ရင် အရမ်းလှတဲ့နေရာတွေရှိတယ် ပြီးတော့သမိုင်းကြောင်းဆိုင်ရာနေရာတွေလည်းတွေ့နိုင်သေးတယ် အဲ့ဒါကြောင့်ပါ အတော်ပဲပေါ့ ကျွန်တော်နဲ့လိုက်ခဲ့လေ အစ်ကိုတို့အတွဲကိုလှတဲ့နေရာတွေလိုက်ပို့ပေးနိုင်တာပေါ့ ကျွန်တော်လည်းတစ်ယောက်တည်းသွားရတာထက်အဖော်ရလာတော့မပျင်းတော့ဘူးပေါ့"

Lost in GlacierWhere stories live. Discover now