Chapter -2

85 12 6
                                    

[Zawgyi]

ဒုတိယစာသင်ချိန်၎ချိန်တွင်တော့
သချာင်္၊အင်္ဂလိပ်စာနှင့်Physicsသင်သွားပြီးနောက်ဆုံးအချိန်တွင်မြန်မာစာဆရာမ မအား၍သချာင်္အိမ်စာတွေသာထိုင်လုပ်နေလိုက်
သည်။မေက အနောက်လိုင်းမှကောင်မလေးတချို့နှင့်စကားပြော
နေပြီးမင်းအောင်ကတော့Bioထိုင်ကျက်နေသည်။
မြူဝေတို့အတန်းပိုင်သည်လဲBioဆရာမဖြစ်၍
နေ့တိုင်းအတန်းချိန်ကိုBioနှင့်စရမည်ထင်သည်။
ဘေးဘီဝဲယာကိုကြည့်မိတော့ မုန့်စားဆင်းချိန်ကကျွန်တော့်ကိုခြိမ်းခြောက်သွား
သည့်တစ်ယောက်နှင့်သူတို့၁ဖွဲ့လုံးကကျွန်တော့်ကို
ကြည့်နေကြသောကြောင့်မြူဝေလဲလန့်သွား၍စာသာအာရုံ
စိုက်ထားရသည်။ခဏကြာတော့ဘေးမှ
မင်းအောင်ကစာအုပ်ကိုရိုက်ချလိုက်ကာစကးပြောလာသည်။

''Chapter 1ကခက်လိုက်တာကွာ။၉တန်းထဲကကျက်နေတာ
အခုထိချောအောင်မရသေးဘူး။
နောက်Chapterတွေတောင်တော်သေးတယ်''

''မင်းက၉တန်းထဲကကျက်တာလား။ငါက၉တန်းပြီးခါနီးလောက်မှာစသင်တာ''

''အင်း ငါလဲအဲ့အချိန်လောက်မှသင်တာပါ၊ဒါပေမဲ့
ဒီလောက်ခက်မယ်လို့မထင်ဘူး''

''ငါကကျတော့အနောက်ဘက်Chapterတွေအရင်သင်ပြီးတော့Chapter 1ကိုအရင်လကမှသင်တာ။
ပြောရင်းခေါင်းတောင်မူးလာပြီ။ဟား...ဟား''
မြူဝေရောမင်းအောင်ပါပြောရင်းရယ်မိကြသည်။

''ဟျောင့်...ဒါနဲ့လေ တည်တံ့နိုင်တို့အုပ်စုကမင်းကိုကြည့်နေတယ်''
မင်းအောင်ကတိုးတိုးလာပြောနေသည်။

''ခုနထဲကကြည့်နေတာသိတယ်။ငါ့ကိုတော့မသတ်
လောက်ပါဘူးနော်''

''အဲ့လောက်တော့မလုပ်လောက်ပါဘူးကွာ။သိပ်စိတ်မပူပါနဲ့''
မင်းအောင်အပြောကိုခေါင်းညိမ့်၍သာ
အဖြေပေးလိုက်သည်။

○●○●•¤○●○●¤○●○●¤
မုန့်စားဆင်းချိန်တုန်းကဟင်းရည်မှောက်ကျတဲ့
ကောင်လေးကိုစလိုက်ချင်းသာ။ထိုကောင်လေးက
ကြောက်နေသည်ထင်သည်။
သူ့သူငယ်ချင်းတွေနဲ့ကျတော့ပြုံးပျော်လို့။
အသားဖြူဖြူ၊မျက်လုံးဝိုင်းဝိုင်း
နှင့်မျက်မှန်တက်ထားသည့်ပုံကဘယ်လိုလေးမှန်းမသိ။အရပ်ကလဲသိပ်မရှည်၊သူ့ဘေးကကောင်မလေး
နှင့်တောင်အရပ်ကတစ်လက်မလောက်သာကွာမည်။
နာမည်ကလဲမြူမှုန်ဝေတဲ့ မိန်းမနာမည်ကြီးကျနေတာဘဲ။နာမည်ကလဲလူနဲ့လိုက်အောင်မေးထားလားမသိ။အသားကဖြူဖွေးလို့။ထိုကောင်လေး
အကြောင်းစဉ်စားနေတုန်းဘေးကနေ လင်းမြတ် ဝင်ရှုပ်လာသည်။

YOUTH[Zawgyi+Unicode]Where stories live. Discover now