[Unicode]
မြို့ထဲကနေ လေဆိပ်ကိုသွားရသည်မလို့ ရန်ကုန်မြို့ကားပိတ်ချိန်နှင့်တိုက်ဆိုင်ကာ 3နာရီထိုးခါနီးလောက်မှ လေယာဉ်ကွင်းကိုရောက်လာသည်။
အတွင်းကိုဝင်လိုက်သည်နှင့် အပြင်ကအပူချိန်နှင့်ခြားနားစွာ အေးစိမ့်စိမ့်။ နွေ၊မိုး၊ဆောင်း သုံးရာသီလုံးပူသည့်ကျွန်တော်တို့ နိုင်ငံကတော့ အမေးဇင်းပင်။မြူဝေတို့Arrival ဘက်ခြမ်းတွင်ထိုင်နေရင်း လေးနိုင်တို့ရောက်လာသည်။မမနှင်းပြန်လာမည်ဖြစ်သောကြောင့် လေးနိုင်တို့ပါလာကြိုသည်လေ။
''မဂီ ရောက်တာကြာပြီလား၊ကိုနိုင်က အိမ်ကထွက်ဖို့အရေး အိပဲ့အိပဲ့လုပ်နေတာနဲ့ကြာသွားတာ''
''မကြာသေးပါဘူး နွယ်ရယ်။ ခုလေးတင်ရောက်တာ'' ဒေါ်ပန်းခက်နွယ်ဆိုသည်မှာ မြူဝေ့အဒေါ်၊ လေးနိုင်ဇနီးပင်။
'' ငါ့သားလေးမတွေ့ရတာကြာတော့ချောလာလိုက်
တာ။ ဒီနှစ်၁၀တန်းဆို''''ဟုတ်ကြီးနွယ်''
''အေးကွယ် စာကြိုးစားနော်၊ ကြီးနွယ်ကဆုချမှာ''
''ဟုတ်ကဲ့၊ ဒါနဲ့ လေးနိုင်နဲ့စံပယ်ရော''
''မင်းလေးနိုင်က Parkingသွားရှာတာ စံပယ်ပါလိုက်သွားတယ်။ ဟိုမှာ ပြောရင်းဆိုရင်း ရောက်လာပြီ''
စံပယ်အောင်ဆိုသည်မှာ မြူဝေနှင့်မမနှင်း၏ညီမဝမ်းကွဲပင်။ စံပယ်က တစ်ဦးတည်းသောသမီးမလို့ မြူဝေတို့အပေါ်အလွန်ခင်တွယ်သည်။
''ကိုလေး...'' အဝေးကြီးကနေလှမ်းအော်ကာ ပြေးဖက်လာသောစံပယ်လေး။
'' အမလေး ရောက်တာတောင် သူ့အကိုလေးကိုပြေးဖက်တာ။ ဒီကအဒေါ်ကိုလဲဖက်ပါဦး'' မြူဝေတို့ကိုကြည့်ရင်း မေမေကပြောတော့ စံပယ်က သွားလေးဖြီးကာ
''ဟီးဟီး ကြီးဂီကလဲဖက်မှာပေါ့။ ကြီးဂီကိုကနေ့တိုင်းတွေ့နေရတာ။ ကိုလေးကိုက တစ်လလုံးမှ ၁ခေါက်တွေ့ရတဲ့ဥစ္စာကို''
''ဟုတ်ပါပြီရှင်'' မေမေကဘာမှဆက်မပြောတော့ဘဲ လေးနိုင်တို့နှင့်စကားပြောရန်တစ်ဖက်သို့လှည့်သွားသည်။
အငယ်မက ထိုင်တာတောင်တစ်မိနစ်မပြည့်သေးဘူး သူ့အဖေဆီသွားပြီး မုန့်ဖို့းသွားတောင်းလေပြီ။ ခနအကြာလေးနိုင်လဲထလာပြီးမြူဝေထိုင်သည့်ဘက်သို့လျှောက်လာသည်။