Chapter-4

57 8 3
                                    

[Zawgyi]

မနက်ပိုင်းBio,Englishနှင့်Chemistryသင်ပြီး
ခနကြာတော့မုန့်စားဆင်းလေသည်။Chemistryက၂ချိန်ပါ၍ဆရာမက၁ချိန်သာသင်ပြီးကျန်တစ်ချိန်ကို
အိမ်စာပေးကာထိုင်လုပ်ခိုင်းထားသည်။
ရန်ကုန်ရှိကျောင်းတော်တော်များက ၁၀တန်းဆိုကျောင်းတွင်စာသိပ်မသင်တတ်။
ကျောင်းသားများကလဲကျူရှင်တွင်သာစာလုပ်ကျ
သည်
ကများသည်။
့မြူဝေအိမ်စာလုပ်နေရင်းမုန့်စားခေါင်းလောင်းတီး၍
စာအုပ်များကိုသိမ်းလိုက်ကာမုန့်စားဆင်းရန်
ုပြင်လိုက်သည်။

မုန့်ဈေးတန်းကမနေ့ကလောက်လူမများတော့။
မုန့်ဈေးတန်းရောက်တော့မေကမုန့်ဟင်းခါးဆိုင်
မသွားဘဲ တို့ဟူးနွေးဆိုင်သို့ဦးတည်နေသည်။
ကျွန်တော်ကလဲမြန်တဲ့ဟာစားချင်၍မေ့ကို
မနေနိုင်မထိုင်နိုင်မေးမိသည်။

''ဟဲ့ မုန့်ဟင်းခါးကပိုမမြန်ဘူးလား။''

''တို့ဟူးနွေးလဲမြန်ပါတယ်။ဘယ်လောက်မှမကြာဘူး
လာပါဟယ်''

မေကမြူဝေ့ကိုပြောကာ တို့ဟူးနွေးဆိုင်သို့အတင်းဆွဲခေါ်သွားသည်။
မင်းအောင်ကတော့ ကြာဇံသုပ်စားမည်ဟုပြောကာ
အသုပ်ဆိုင်ဘက်သို့လျှောက်သွားသည်။

မေကတို့ဟူးနွေးစားကာ မြူဝေကရှမ်းခေါက်ဆွဲသာစားဖြစ်သည်။
မြူဝေတို့မုန့်စားရန်ထိုင်သည့်ခုံတန်းဘက်ကို
လျှောက်လာကြပြီးမင်းအောင်ရဲ့အသုပ်ကအရင်ရ၍
ခုံတန်းတွင်ကြိုစောင့်နေသည်။
မေကတော့စားပွဲပေါ်တွင်တို့ဟူးနွေးပန်းကန်ချ
ပြီးသည်နှင့် တိုးဟူးနွေးဆိုင်သို့ဖက်ထုပ်ကြော်ဝယ်မည်ကို
အကြောင်းပြကာထပ်ထွက်သွားသည်။
မုန့်မှာနေရင်းနဲ့လဲ ဆိုင်ကအကိုကြီးကို
မျက်စိတောက်ထောက်ကြည့်ကာတစ်ချိန်လုံးပြုံးနေလေရဲ့။အဲ့အကိုကလဲ ဈေးသာရောင်းနေတာ ရုပ်ကမင်းသားလုပ်စားလို့ရသည်။
မေဘာလို့ တို့ဟူးနွေးဆိုင်သွားလဲဆိုတာကိုမမေးဘဲနှင့်ပင်သိသည်။ကောင်မလေးတွေကလဲ ထိုဆိုင်တွင်သာရစ်သီရစ်သီနှင့်ပင်။
ကျွန်တော်နှင့်မင်းအောင်မုန့်စားနေရင်း ခနကြာတော့ မေပြန်ရောက်လာသည်။
မျက်နှာကလဲပြဲုံးဖြီး၍ အသံပေါင်းစုံထွက်နေလေသည်။

YOUTH[Zawgyi+Unicode]Where stories live. Discover now