Youth Chapter 1

131 17 1
                                    

[Zawgyi]

မြူမှုန်ဝေ၏မနက်ခင်းသည်သိပ်ကိုရိုးရှင်းလှသည်။
ဒသမတန်းစတက်ရမည့်ရက်ဖြစ်၍အနည်းအငယ်
တော့စိတ်လှုပ်ရှား
မိသည်မှာအမှန်။
ကျောင်းအသစ်တွင်တက်ရောက်
ရမည်ဖြစ်၍အနည်းအငယ်တော့ရင်ခုန်သည်။မနက် ၅နာရီထကာရေချိုး
ရသည်။ညကမေမေပြင်ပေးထားသော
ပေါင်မုန့်အသားညပ်ကိုစားရင်းကျောင်းကားနှင့်
သွားရမည်ဖြစ်၍တိုက်အောက်သို့ဆင်းလာခဲ့သည်။

ညကမိုးနတ်သား၏ခြိမ်းခြောက်သံနှင့်အတူမိုးရေ
စက်များသည်လဲကမ္ဘာမြေပေါ်သို့ကျဆင်းခဲ့ပြီ။
ဇွန်လရောက်နေပြီဖြစ်၍တစ်မြို့လုံးနီးပါး
ရေတွေစိုစွတ်ကာမြေသင်းနံ့သင်းနေသည်။
ရန်ကုန်မြို့၏ရေကြီးရေလျှံမှုသည်လဲမကြာမီစတင်
တော့မည်ကိုဗေဒင်မမေးဘဲသိနေသည်။
ကျောင်းကားရောက်လာပြီဖြစ်၍
မြူမှုန်ဝေအတွေးစကို
ဖြတ်ခါကားပေါ်တက်လိုက်သည်။မှန်လုံကားဝါလေး
ပေါ်ရောက်တော့ အေးစက်စက်ခံစားမှုကိုချက်ချင်းခံစားလိုက်ရသည်။ညကမိုးရွာထားပြီးမနက်စောစော
ဖြစ်တာကြောင့်ကားထဲရှိအအေးဓာတ်ကပိုအေးနေသယောင်။

နောက်ဆုံးခုံ၏အရှေ့ထိုင်ခုံတွင်
နေရာလွတ်၍မြူမှုန်ဝေထိုနေရာတွင်ထိုင်လိုက်သည်။အရှေ့ကကောင်မလေးကတော့ခေါင်းတလှည့်လှည့်နှင့်ပြုံးပြလာသောကြောင့်သူ့နည်းတူစွာပြန်ပြုံး
မိသည်။ထိုကောင်မလေးကအသားခပ်ဖြူဖြူဆံပင်ကကျောတဝက်လောက်ထိရှည်ကာအပေါ်သို့မြှင့်စီး
ထားသည်။သူ့ကိုကျောင်းအပ်တုန်းက
တွေ့ဖူး၍ပေါင်းသင်းလို့ကောင်းမည့်
လူဟုကောက်ချက်ချလိုက်သည်။

''ငါ့နာမည်က ယွန်းမေလွင်ပါ နင်ကကျောင်းသားသစ်မလား''

ရှေ့ကကောင်မလေးကအလှဆုံးအပြုံးကိုဆင်မြန်း၍
မိတ်ဆက်လေသည်။

''ငါ့နာမည်က မြူမှုန်ဝေ ဒီနှစ်မှကျောင်းပြောင်းတာ''

''မြူဝေလို့်ခေါ်မယ်နော် ဟီး''

သွားလေးဖြီးပြီးပြောလာပုံကတခြားမိန်းကလေးများလိုချွဲပြစ်ပြီးမဟုတ်။ပကတိဖြူစင်စွာ။

''အာ မြူမှုန်လို့လဲခေါ်လို့ရပါတယ်''

'' ဘာလို့လဲ မြူဝေလို့ခေါ်တာမကြိုက်လို့လား''

YOUTH[Zawgyi+Unicode]Where stories live. Discover now