အခန်း(၃)

250 31 0
                                    

#Unicode#

ဇေယျာတို့ ခုဆို private studyချိန်ရပြီလေ။
ဟိုတစ်ပတ်က အွမ်ရဲ့ကောင်းမှုကြောင့် သူရနိုင်လည်းစာလာလုပ်တော့မယ်‌လေ။
ခုလည်း "အိမ်ကနေထွက်လာပြီနော်"ဆိုပြီး စာလေးပို့ထား လေသည်။
ဇေယျာလည်း စာကြည့်ခန်းထဲကနေ ဖုန်းအလာကိုမျှော်နေတာပေါ့။
မကြာပါဘူး ဆိုင်ကယ်တစ်စီးအိမ်ထဲ၀င်လာသံကိုကြားလိုက်ရသည်။
အိမ်ကအမေကလည်း"လာလာ..သမီးလာစာကြည့်ခန်းထဲမှာရှိတယ်"ဆိုပြီးပြောနေတော့ အွမ်မှန်းသိလိုက်ပြီလေ။

အွမ်အခန်းထဲကို ၀င်လာပြီးမကြာပါဘူး ဖုန်းလေးကမြည်လာ‌ လေသည်။
"ဟယ်လို"

"ဇေယျာလား ငါမီးပွိုင့်နားရောက်နေပြီ"

"ငါအိမ်ရှေ့ထွက်လာလိုက်မယ် စောင့်နေနော်"လို့‌ပြောကာ အိမ်ရှေ့ကို
တန်းတန်းမတ်မတ်ထွက်သွားလိုက်သည်။
လမ်းကိုဟိုကြည့်ဒီကြည့်လုပ်နေရင်း တွေ့ပြီလေ၊ လက်လေးပြလိုက်တော့ ဆိုင်ကယ်လေးမောင်းပြီး ဇေယျာရှိတဲ့ဘက်ကို လာနေ‌ လေသည်။
ဆိုင်ကယ်လည်း အိမ်ထဲမှာရပ်လ်ိုက်ပြီးတော့ စာကြည့်ခန်းထဲကိုသွားကြလိုက်သည်။

စာကြည့်ခန်းထဲသို့ရောက်တော့ ဇေယျာက
"ဘယ်ဘာသာအရင်လုပ်ကြမလဲ"

"ငါကတော့ကြိုက်တာလုပ်ရတယ်"လို့‌သူရနိုင်ပြောလာတော့အွမ်က

"ဘယ်ဘာသာလွယ်လဲ ဇေယျာ"

"MCရယ် IEရယ် ပြီးတော့ Digital VHDLတို့လွယ်တယ်လေ"

"ဟုတ်လား ဘယ်ဟာစလုပ်ကြမလဲ"

"MCအရင်လုပ်ကြမယ်လေ"

"ဟုတ်ပြီ"လို့အွမ်ပြောပြီးတော့ စာအုပ်လေးတွေကိုယ်စီထုတ်လိုက်ကြသည်။
ပြီးတော့ ဇေယျာစာစရှင်းပြ‌ လေသည်။

"ဒီတစ်ပုဒ်က sketch the lociလို့ပြောထားတော့ ငါတို့အားလုံးရှာပေးရမယ်"

"angle of departureပါလားဇေယျာ"လို့သူရနိုင်ပြောတော့

"သူပေးထားတဲ့ equationကနေ complexတန်ဖိုးပါနေမှ ရှာရမှာလေ"

"အော် ဟုတ်ပြီ သိပြီသိပြီ"

"ဟာ နင်တို့နှစ်ယောက်လည်း နောက်မှ ဆက်လုပ်ကြလေဟာ ပျင်းလာပြီ၊ ပြီးတော့ ပူလာပြီ"လို့အွမ်ကပြောတော့
ဇေယျာတို့နှစ်ယောက်စလုံးခဏနားလိုက်ကြသည်။
အွမ်က အိမ်သာခဏလို့ပြောပြီး ထွက်သွားတော့ အခန်းထဲမှာ
သူရနိုင်နဲ့နှစ်ယောက်ထဲ ကျန်ခဲ့ကြသည်။
ဇေယျာလည်း ဘာပြောလို့ပြောရမှန်းမသိဖြစ်နေချိန်
"ဇေယျာ"

မျှော်လင့်ခြင်းဖြင့်.....[complete]Место, где живут истории. Откройте их для себя