#Unicode#
"ကယ် စာမေးပွဲလဲပြီးပြီဆိုတော့ ဖြေနိုင်ကြလား"ဆိုပြီး ဌာနမှူးက
နှုတ်ခွန်းချွေလိုက်တော့ ကျောင်းသားများက"ဟုတ်ဖြေနိုင်ကြပါတယ်"
"ကယ် ဟုတ်ပြီ ခဏငြိမ်ကြအုန်း ၊အဲ့တာဆိုတော့ ဆရာမက projectအတွက်လည်းပြောပြီးပြီ ၊groupလည်းခွဲပြီးသွားပြီဆိုတော့ ဘယ်နေ့စလုပ်ကြမလဲ၊ နားအုန်းမှာလား"
"ဆရာမ တစ်ရက်တော့ နားလိုက်မယ်လေ"
"အေ ဟုတ်ပြီ အဲ့တာဆိုတော့ တစ်ဆယ့်ငါးရက် အတွင်း လုပ်ပေးနိုင်ကြမလား"
"ဟုတ်ရပါတယ် "
"အဲ့တာဆိုနားပြီးတော့ ကျောင်းမှာလာလုပ်ကြနော် မသိရင် ဆရာတွေမေးလို့ရတယ်"
"ဟုတ်"ဆိုပြီး ကျောင်းသားကျောင်းသူ တစ်ပြိုင်နက်လုံးဖြေလိုက်ကြသည်။
ဇေယျာတို့ စာမေးပွဲဖြေပြီးလို့ အွမ်ရယ်သူရနိုင်တို့နဲ့ မုန့်သွားစားကြတယ်လေ။
ဇေယျာနဲ့ သူရနိုင်က အဖွဲ့အတူတူကျတယ်၊အွမ်ကတစ်ခြားအဖွဲ့ကြတယ်လေ။
အဖွဲ့မတူတော့ လုပ်ရမယ့်ခေါင်းစဉ်ကလည်းမတူဘူးလေ။ဇေယျာတို့ တစ်ရက်နားပြီးတော့ projectစလုပ်ကြပြီလေ။
သူရနိုင်က အတူတူသွားရအောင်ဆိုပြီး လာခေါ်တယ်၊
ကျောင်းရောက်တော့ ဇေယျာတို့ အဖွဲ့ကလူတွေရောက်နေကြပြီ။
ဇေယျာတို့လုပ်ရမယ့် projectကလွယ်တော့မလွယ်ဘူးလေ။
အခက်ကြီးလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ဇေယျာတို့ တစ်ယောက်နဲ့တစ်ယောက် အလုပ်တွေရှုပ်နေကြရင်း
leaderက
"ဇေယျာရေ ဒီပစ္စည်း ၀ယ်ပေးပါလား"လို့အကူအညီတောင်းတော့
ဇေယျာလည်း သူရနိုင်ကိုခေါ်ပြီး မြို့ထဲသွားရတယ်လေ။
သူရနိုင်က ကားမောင်းနေရတာဆိုတော့ စကားမပြောဘူးလေ၊
သီချင်းလေးသာနားထောင်နေတာ။
"သူရနိုင်""အင်းပြောလေ ဇေယျာ ကားမူးလို့ ကားမှန်ချမလို့လား"
"မဟုတ်ပါဘူး"
"အဲ့တာဆိုဘာလဲ ပူလို့လား၊ airconတင်ပေးရမလား"
"မဟုတ်ဘူးရတယ်"
"အဲ့တာဆို ဘာကြီးလဲ ပြောလေဇေယျာကလည်း"
"အမ်...ဟိုလေ..ဟို ကောင်မလေးတစ်ယောက်ကိုလိုက်နေတာဆို ဟုတ်လား"
YOU ARE READING
မျှော်လင့်ခြင်းဖြင့်.....[complete]
Short Storyတစ်ဖက်သတ် ချစ်နေရတာဟာ ၀ဋ်တစ်ခုလိုဘဲ။ ကိုယ့်ကို ချစ်တယ်လို့ ပြေမယ့် စကားကို စောင့်နေရတာလား ၀ဋ်ဆိုတဲ့ ပူလောင်မှုတစ်ခုပါဘဲ။ ဘာကြောင့် ထိုအပူတွေကြားမှာ ရှင်သန်ရမှာလဲ.....?။