#Unicode#
သင်္ကြန်တွေပြီးလို့ ငါးလပိုင်းရဲ့ လကုန်လောက်ရောက်နေပြီလေ။
နောက်လကစပြီး ကျောင်းပြန်ဖွင့်တော့မယ်လေ။ ဇေယျာလည်းသူ့ကိုတွေ့ရတော့မယ်၊ အထူးသဖြင့် သူရနိုင်ကိုပေါ့။ ဒီကြားထဲ သူရနိုင်ကို လိုင်းမှာပြောဖြစ်တာလေးတွေက "ဘာလုပ်နေလဲတို့၊ စားပြီးပြီလားတို့"တွေဘဲ ပို့ဖြစ် လေသည်။
သူကလည်း အလုပ်ရှုပ်နေတာလား မသိပါဘူး စာပြန်ရင်တော့
နဲနဲကြာတယ်။ဘာဘဲဖြစ်ဖြစ်ပါ သူ့ကိုတွေ့ရတော့မှာဘဲလေ။ဇေယျာတို့ ဒုတိယနှစ်၀က်ကို ကျောင်းစဖွင့်ရက်ရောက်ပြီလေ။
အွမ်ကလည်း ငါးလပိုင်းလကုန်ရက်က ရောက်တာဆိုတော့
ခုကျောင်းကို သူ့ကားနဲ့တူတူသွားကြ လေသည်။
ကားမောင်းနေရင်းကနေ အွမ်က
"ဟဲ့ ကျောင်းပိတ်တာအတောအတွင်း နင်နဲ့သူရနိုင် အခြေအနေက""ဟာ ဘာအခြေအနေလဲ"
"အဲ့တာဆို တိုးတက်နေတာပေါ့"
"မဟုတ်ပါဘူး ဒီအတိုင်း စကားပြောကြတာပါဘဲ"
"ဟမ် စကားပြောတုန်းဆိုတာက"
"အော် ဘာလုပ်နေလဲတို့ စားပြီးပြီလားတို့ပါဘဲ"
"ကျောင်းနှစ်လပိတ်တာ ဒါဘဲပြောကြတာလား"
"အင်းလေ ဒါတောင် ငါကပြောလို့"
"နင်က"လို့အွမ်အကျယ်ကြီးပြောလိုက်တော့
"အင်းလေ"
"ဇေယျာ နဲနဲလွဲနေပြီနော်"
"ဘာကိုလဲ"
"နင်သူ့ကိုစကားစပြီးမပြောနဲ့တော့"
"ဟမ်"
"ဟုတ်တယ် မပို့နဲ့တော့ နင်ကစပို့မှန်းသိတော့ သူကချေနေတာ"
"ဟုတ်လို့လား"
"ဟုတ်လို့လားတွေမေးမနေနဲ့"
"အင်းပါ"
လို့သာဖြေလိုက်ရသည်။
ကျောင်းစတက်တဲ့နေ့မှာ သူရနိုင်က မရောက်သေးဘူး။
နောက်တစ်ပတ်လောက်မှရောက်မယ်လို့ သူ့သူငယ်ချင်းကပြောပြတာလေ။ဇေယျာတို့ ကျောင်းတက်လာတာ တစ်ပတ်ပြည့်ပြီဆိုတော့ သူရနိုင်ကိုတွေ့ရတော့မယ်လေ။
ဇေယျာကျောင်းကိုရောက်တော့ သူရနိုင်ကိုတွေ့လိုက်ရပြီလေ။
တွေ့တွေ့ချင်း သူကဇေယျာ့ကို လာဖက်တယ်၊
"သူငယ်ချင်းလေးကိုလွမ်းနေတာ"ဆိုပြီးတော့။
ဇေယျာလည်း နဲနဲနေရခက်သလိုဖြစ်သွားတာပေါ့။
ВЫ ЧИТАЕТЕ
မျှော်လင့်ခြင်းဖြင့်.....[complete]
Короткий рассказတစ်ဖက်သတ် ချစ်နေရတာဟာ ၀ဋ်တစ်ခုလိုဘဲ။ ကိုယ့်ကို ချစ်တယ်လို့ ပြေမယ့် စကားကို စောင့်နေရတာလား ၀ဋ်ဆိုတဲ့ ပူလောင်မှုတစ်ခုပါဘဲ။ ဘာကြောင့် ထိုအပူတွေကြားမှာ ရှင်သန်ရမှာလဲ.....?။