အခန်း(၆)

413 35 4
                                    

#Unicode#

"သတို့သားနဲ့ သတို့သမီးတို့ ၀င်လာလို့ရပါပြီ"
ဆိုတာနဲ့ ဆိုင်းသံကလည်း အသံကျယ်လောင်စွာ မြည်တွန်းလာသည်။
သူရနိုင်နဲ့ သူ့ကောင်မလေးကလည်း လျှောက်လမ်းထက်မှာ ပြိုင်တူလျှောက်လှမ်းလာနေလေသည်။
ဇေယျာတို့ ကျောင်းပြီးလို့ ကိုယ်စီအလုပ်တွေလုပ်နေကြပြီလေ။
ကျောင်းပြီးသွားတော့ သူရနိုင်နဲ့က အဆက်အသွယ်လေး နဲနဲရှိတာပေါ့။

သူ့လုပ်ငန်းနဲ့ ကိုယ့်လုပ်ငန်းနဲ့ကအဆက်အစက်ရှိလို့လေ။
ခုလည်း မင်္ဂလာဆောင်ကို မလာလာဖြစ်အောင် အတင်းခေါ်လာတာလေ။
ဇေယျာတစ်လျှောက်လုံး သူရနိုင်ကိုဘဲကြည့်နေမိသည်။
သူရနိုင် အရမ်းကိုပျော်ရွင်နေလေသည်။ သူ့ဇနီးလေးကို ကြည့်ရင်း ပြုံးနေသည်မှာ ဇေယျာတစ်ခေါက်မှ မမြင်ဖူးသည့် အပြုံးပင်ဖြစ်လေသည်။
ကြည့်နေရင်း ဇေယျာ၀မ်းနည်းလာတာနဲ့ ခန်းမအပြင်ဘက်ကို ထွက်လာလိုက်‌လေသည်။

အဲ့နေ့က သူရနိုင် ဇေယျာကို ပြောခဲ့တဲ့စကားက
"ကိုယ်လေ....ကိုယ် အဖြေရပြီ သူ့ဆီက၊အဲ့တာ ဇေယျာရဲ့စကားကြောင့်ဖြစ်လာတာ ကျေးဇူးပါဘဲ"လို့တရစပ်ပြောနေသော သူရနိုင်ကိုကြည့်ရင်း

"အင်း"လို့သာဖြေလိုက်‌လေသည်။ဒါပေမယ့် စိတ်ထဲမှာကတော့
"ချစ်တယ်"လို့ဖြေနေမိသည်။
အဲ့နေ့က ဇေယျာမူဆယ်က အဖွားအိမ်သွားလည်မယ်လုပ်ထားတော့
ကျောင်းကနေပြန်တာနဲ့ မူဆယ်တန်းသွားလိုက်သည်။
ပြီးတော့ နှစ်လအတွင်း သူရနိုင်နဲ့ အဆက်အသွယ်ဖြတ်ထားလိုက် လေသည်။
မေ့လို့ရမလားဆိုတဲ့အတွေးတွေနဲ့ပေါ။ ကျောင်းဖွင့်ပြန်တော့လည်း
သူရနိုင်ကို ရှောင်ဖယ်ရှောင်ဖယ်နဲ့လုပ်နေမိတယ်။
ဒါပေမယ့်မရပါဘူး၊ချောင်းကြည့်မြဲ၊ချစ်နေမြဲ၊စိတ်ပူနေမြဲပါဘဲဆိုတာက ခုကျောင်းတွေပြီးသွားတဲ့ အချိန်ထိပါဘဲ..။

ဇေယျာ ကောင်းကင်လေးကို မော့ကြည့်လိုက်ရင်း ဟိုအရင်ကကိစ္စလေးတွေကို ပြန်စဉ်းစားနေမိလေသည်။
သူရနိုင်ဆီက အချစ်ကို မျှော်လင့်ရင်းနဲ့ ချစ်နေမြဲပါဘဲ........။
"သူငယ်ချင်းအနေနဲ့ 'ချစ်တယ်'လို့ဘဲပြောပြော၊
အရမ်းခင်လို့ 'ချစ်တယ်'လို့ဘဲပြောပြော၊
သူ့ဆီက 'ချစ်တယ်'ဆိုတဲ့ စကားကိုမျှော်လင့်နေဆဲပါဘဲ၊
ဒါပေမယ့်လည်း မျှော်လင့်ရင်းနဲ့သာ......"

"Htut"

××××××××××××××××××××

#Zawgyi#

"သတို႔သားနဲ႔ သတို႔သမီးတို႔ ၀င္လာလို႔ရပါၿပီ"
ဆိုတာနဲ႔ ဆိုင္းသံကလည္း အသံက်ယ္ေလာင္စြာ ျမည္တြန္းလာသည္။
သူရႏိုင္နဲ႔ သူ႔ေကာင္မေလးကလည္း ေလွ်ာက္လမ္းထက္မွာ ၿပိဳင္တူေလွ်ာက္လွမ္းလာေနေလသည္။
ေဇယ်ာတို႔ ေက်ာင္းၿပီးလို႔ ကိုယ္စီအလုပ္ေတြလုပ္ေနၾကၿပီေလ။
ေက်ာင္းၿပီးသြားေတာ့ သူရႏိုင္နဲ႔က အဆက္အသြယ္ေလး နဲနဲရွိတာေပါ့။

သူ႔လုပ္ငန္းနဲ႔ ကိုယ့္လုပ္ငန္းနဲ႔ကအဆက္အစက္ရွိလို႔ေလ။
ခုလည္း မဂၤလာေဆာင္ကို မလာလာျဖစ္ေအာင္ အတင္းေခၚလာတာေလ။
ေဇယ်ာတစ္ေလွ်ာက္လုံး သူရႏိုင္ကိုဘဲၾကည့္ေနမိသည္။
သူရႏိုင္ အရမ္းကိုေပ်ာ္႐ြင္ေနေလသည္။ သူ႔ဇနီးေလးကို ၾကည့္ရင္း ၿပဳံးေနသည္မွာ ေဇယ်ာတစ္ေခါက္မွ မျမင္ဖူးသည့္ အၿပဳံးပင္ျဖစ္ေလသည္။
ၾကည့္ေနရင္း ေဇယ်ာ၀မ္းနည္းလာတာနဲ႔ ခန္းမအျပင္ဘက္ကို ထြက္လာလိုက္‌ေလသည္။

အဲ့ေန႔က သူရႏိုင္ ေဇယ်ာကို ေျပာခဲ့တဲ့စကားက
"ကိုယ္ေလ....ကိုယ္ အေျဖရၿပီ သူ႔ဆီက၊အဲ့တာ ေဇယ်ာရဲ႕စကားေၾကာင့္ျဖစ္လာတာ ေက်းဇူးပါဘဲ"လို႔တရစပ္ေျပာေနေသာ သူရႏိုင္ကိုၾကည့္ရင္း

"အင္း"လို႔သာေျဖလိုက္‌ေလသည္။ဒါေပမယ့္ စိတ္ထဲမွာကေတာ့
"ခ်စ္တယ္"လို႔ေျဖေနမိသည္။
အဲ့ေန႔က ေဇယ်ာမူဆယ္က အဖြားအိမ္သြားလည္မယ္လုပ္ထားေတာ့
ေက်ာင္းကေနျပန္တာနဲ႔ မူဆယ္တန္းသြားလိုက္သည္။
ၿပီးေတာ့ ႏွစ္လအတြင္း သူရႏိုင္နဲ႔ အဆက္အသြယ္ျဖတ္ထားလိုက္ ေလသည္။
ေမ့လို႔ရမလားဆိုတဲ့အေတြးေတြနဲ႔ေပါ။ ေက်ာင္းဖြင့္ျပန္ေတာ့လည္း
သူရႏိုင္ကို ေရွာင္ဖယ္ေရွာင္ဖယ္နဲ႔လုပ္ေနမိတယ္။
ဒါေပမယ့္မရပါဘူး၊ေခ်ာင္းၾကည့္ၿမဲ၊ခ်စ္ေနၿမဲ၊စိတ္ပူေနၿမဲပါဘဲဆိုတာက ခုေက်ာင္းေတြၿပီးသြားတဲ့ အခ်ိန္ထိပါဘဲ..။

ေဇယ်ာ ေကာင္းကင္ေလးကို ေမာ့ၾကည့္လိုက္ရင္း ဟိုအရင္ကကိစၥေလးေတြကို ျပန္စဥ္းစားေနမိေလသည္။
သူရႏိုင္ဆီက အခ်စ္ကို ေမွ်ာ္လင့္ရင္းနဲ႔ ခ်စ္ေနၿမဲပါဘဲ........။
"သူငယ္ခ်င္းအေနနဲ႔ 'ခ်စ္တယ္'လို႔ဘဲေျပာေျပာ၊
အရမ္းခင္လို႔ 'ခ်စ္တယ္'လို႔ဘဲေျပာေျပာ၊
သူ႔ဆီက 'ခ်စ္တယ္'ဆိုတဲ့ စကားကိုေမွ်ာ္လင့္ေနဆဲပါဘဲ၊
ဒါေပမယ့္လည္း ေမွ်ာ္လင့္ရင္းနဲ႔သာ......"

"Htut"

××××××××××××××××××

မျှော်လင့်ခြင်းဖြင့်.....[complete]Donde viven las historias. Descúbrelo ahora