#Unicode#
"ဟာ သားကြီး congratsကွာ"
"အေ ကျေးဇူးဘဲကွ"
"မင်းတောင် လက်ထပ်ရတော့မှာကွာ မယုံနိုင်ဘူးဖြစ်နေတယ်"
"ဟား....ဟား.....မင်းတော့ ဟာသတွေပြောနေပြီကွာ"
"ဟား....ဟား.....အေပါကွာ"
အ၀တ်အစားလှဲတဲ့အခန်းမှာ အသံတွေ ဆူညံလို့နေလေသည်။
မင်းဇေယျာဖြိုးတစ်ယောက် အခန်းလေးရဲ့ တံခါးပေါက်၀နားကနေပြီး သူရနိုင်ကို လှမ်းကြည့်နေမိသည်။
"သူကအရင်တုန်းကအတိုင်း ခန့်နေပါလား"
လို့စိတ်ထဲတွေးရင်း ပျော်နေမိသည်။အခန်းထဲက ထွက်လာတဲ့ သီဟဇော်ကို ပြုံးပြလိုက်ပြီး
မင်းဇေယျာဖြိုး အခန်းထဲ၀င်သွားလိုက်သည်။
၀င်သွားပြီးတော့ သူရနိုင်ရဲ့ အင်္ကျီကို ပြင်ပေးနေရင်း"ဘယ်လိုလဲ ပျော်နေရဲ့ သတို့သားလောင်းကြီးရေ"
"ပျော်တာပေါ့ ကိုချစ်ရတယ့်သူနဲ့ လက်ထပ်ရမှာဆိုတော့"
"အပိုတွေ ပြောနေပြန်ပြီ"
"ဟား....ဟား....မယုံတာလား"
"ယုံပါတယ်"
"ယုံရင်ပြီးတာပါဘဲ"
"တစ်ကယ်ချစ်ခဲ့တာလား"
"တစ်ကယ်ပေါ့"
"အင်းပါ"လို့ ဇေယျာဖြေလိုက်ပြီး
သူရနိုင်ကို မော့ကြည့်နေမိလေသည်။
သူရနိုင်ကလည်း ဇေယျာကို ပြန်ကြည့်နေသည်လေ။~~~~~
လွန်ခဲ့သော ငါးနှစ်ခန့်က
မင်းဇေယျာဖြိုးသည် အီလက်ထရောနစ် အင်ဂျင်နီယာကိုမှ
တတိယနှစ်ပြီးခဲ့ပြီလေ။
ခု စတုတ္ထနှစ်အတွက် အတန်းတက်ရန် ပထမဆုံးနေ့ဖြစ်သည်။
အခန်းထဲ၀င်လိုက်တော့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့လိုက်ရသည်။
တွေ့တွေ့ချင်းဘဲ အချင်းအချင်း ရှေးဖြစ်နှောင်းဖြစ်တွေ ပြန်ပြောနေကြလေသည်။ဇေယျာစကားပြောနေရင်း လူသစ်တစ်ယောက်ကို တွေ့သလိုမျိုးပုံစံဖြစ်သွားတယ်လေ။
ဒါနဲ့ဘဲ ဘေးကသူငယ်ချင်းကို
"ဟေ့ အွမ် နောက်ကတစ်ယောက်က အသစ်လား""ဟမ် ဘယ်သူတုန်း ဘယ်လိုင်းရဲ့နောက်တုန်း"
"ငါတို့လိုင်းရဲ့နောက်မှာလေ၊ ဟိုမှာ ဆံပင်ကို လှန်ဖီးထားတဲ့တစ်ယောက်လေ"
ESTÁS LEYENDO
မျှော်လင့်ခြင်းဖြင့်.....[complete]
Historia Cortaတစ်ဖက်သတ် ချစ်နေရတာဟာ ၀ဋ်တစ်ခုလိုဘဲ။ ကိုယ့်ကို ချစ်တယ်လို့ ပြေမယ့် စကားကို စောင့်နေရတာလား ၀ဋ်ဆိုတဲ့ ပူလောင်မှုတစ်ခုပါဘဲ။ ဘာကြောင့် ထိုအပူတွေကြားမှာ ရှင်သန်ရမှာလဲ.....?။