{ Zawgyi Version }
ကိုယ်တို့နှစ်ယောက်ကြား တတိယလူဝင်ရောက်လာမှာစိုးရိမ်ခဲ့ပေမဲ့...နောက်ဆုံးတော့ ကိုယ် ကိုယ်တိုင်ကပဲ တတိယလူဖြစ်တော့မှာလား...???
💓💓💓
အတန်းဆင်းကာ ဆရာထွက်သွားသည်နှင့် Taeတစ်ယောက် စားပွဲခုံပေါ်ခေါင်းမှောက်ကာ...
"စာတွေကဘာတွေမှန်းလဲမသိဘူး ရူးတော့မှာပဲ"
"ဘယ်လိုလုပ်သိမှာလဲ စာထဲစိတ်မှမရှိတာ.."
စကားအဆုံး Taeတယောက်ရဲ့စူးရှတဲ့အကြည့်တွေဟာ Jungkookဆီသို့...
"ကဲ အရှေ့ကနှစ်ယောက် ငါဗိုက်ဆာလာပြီ ကန်တင်းသွားကြရအောင်"
"အင်း သွားမယ်လေ ...ဒါပေမဲ့ခဏလေးJimin..ငါ Toiletသွားလိုက်ဦးမယ် ...ဒီမှာစောင့်နေ"
ပြောပြီး Taehyung အတန်းထဲမှထွက်လာခဲ့လိုက်သည်။
~~~~~~~~~~~~~~
Jungkookတို့စောင့်နေတာမို့ Taehyung တယောက် Toiletမှအတန်းဆီကိုအမြန်ပြန်လာနေရင်း တစ်နေရာရောက်တော့...
"ဟို ဒီမှာ ဒီမှာ ...အရှေ့ကတစ်ယောက်!"
Taeလဲသူ့ကိုခေါ်နေသလိုရှိနေတာမို့ လှည့်ကြည့်လိုက်တဲ့အခါ...
ဟင်!...ဒါကျောင်းသူသစ်ကောင်မလေးပဲ...
"ကျတော့်ကိုခေါ်တာလား?"
လက်ညှိုးဖြင့်ကိုယ့်ကိုယ်ကိုပြန်ထိုးရင်းမေးတော့ ကောင်မလေးကခေါင်းညိမ့်ပြလာသည်။
"ဟို shinကကျောင်းရုံးခန်းကိုလိုက်ရှာနေတာပါ...အဲ့တာဘယ်နားမှာမှန်းမသိလို့ သိရင်shinကိုကူညီပါဦးနော်"
"အင်း ...ရပါတယ်...ဒါပေမဲ့လမ်းတွေကရှုပ်နေတာဆိုတော့ ကျတော်လိုက်ပို့ပေးရမလား"
Taeပြောလိုက်တော့ ထိုကောင်မလေးကအားရပါးရပြုံးရင်း ခေါင်းညိမ့်ကာကျေးဇူးတင်စကားဆိုလာလေသည်။
ကံကြမ္မာကဒီလိုမျိုး ကျတော်တို့နှစ်ယောက်ကိုစတင်ဆုံစည်းစေခဲ့တယ်။
နောက်ဆက်ဖြစ်လာမည့် အကြောင်းတရားတွေကိုသာ ကျတော်ကြိုသိနိုင်ခဲ့မယ်ဆိုရင်...ကျတော်ဒီကံကြမ္မာရဲ့ဆုံစည်းပေးမှုကိုငြင်းဆိုခဲ့မှာ။ထိုကောင်မလေးရဲ့ခေါ်ဆိုသံကို ကျတော်လှည့်ကြည့်ခဲ့မှာမဟုတ်ဘူး။အခုတော့.........
YOU ARE READING
ONLY YOU { Completed }
Fanfic{ Zawgyi + Unicode } မင်းသာလျှင် ကိုယ့်အတွက် တစ်ဦးတည်းသောချစ်ရသူ... Only You~~~ 🐯🐰 မင်းသာလျှင် ကိုယ့်အတွက် တစ္ဦးတည်းသောချစ်ရသူ... Only You~~~ 🐯🐰