{ Zawgyi Version }
မနက်ခင်းနေရောင်ခြည်နွေးနွေးက ပြတင်းပေါက်၌ကာထားသော လိုက်ကာ ကြားမှတိုးဝင်ကာ မျက်နှာပေါ်သို့တိုက်ရိုက်ကျရောက်လာသည်မို့ တစ်ဖက်သို့လှည့်ကာ စောင်ကို ခေါင်းအထိဆွဲခြုံလိုက်သည်။
အခန်းတံခါးဖွင့်သံနှင့်အတူ လူတစ်ယောက်ဝင်လာမှန်း သိပေမဲ့လည်း ထမကြည့်မိ။ ဆက်သာအိပ်နေလိုက်သည်။
အိပ်ရေးမဝသေးဘူး...
ခဏအကြာ ကုတင်ပေါ်သို့တစ်ယောက်ယောက်လာထိုင်လိုက်သောခံစားချက်နှင့်အတူ ခေါင်းအထိခြုံထားသောစောင်လေး ဆွဲဖယ်ခြင်းခံလိုက်ရသည်။
"Tae... ထတော့လေ...Jiminတို့နဲ့တွေ့ ဖို့ချိန်းထားတယ်မလား"
"အင်းးးးး...Jungkook.. ခဏလောက်!...ခဏလောက်ပဲ ထပ်အိပ်လိုက်ဦးမယ်"
ပြောပြီး စောင်ကိုပြန်ခြုံကာအိပ်ရန်ပြင်နေသော ကောင်လေး။ ဒါသူအမြဲလုပ်နေကျအကျင့်လေးတစ်ခု။
Jungkook ပြန်အိပ်သွားသောကောင်လေးအားကြည့်ပြီး တစ်ချက်ရယ်မိလိုက်သည်။ ရုတ်တရတ်ဝင်လာသောအတွေးတစ်ခုနှင့်အတူ အိပ်နေသော Taeရဲ့လက်မောင်းမှ ဆွဲလှဲကာ အပေါ်မှအုပ်မိုးလိုက်သည့်Jungkook..
Jungkookလုပ်ရပ်ကြောင့် အခုမှပြာပြာသလဲ မျက်လုံးများပွင့်လာကာ ...
"Jungkook.. ဘာ...ဘာလုပ်တာလဲ"
"Taeက ဘာလုပ်မယ်ထင်လို့လဲ...ကိုယ်နှိုးနေတာ Taeကမှမထတာ"
"ဖယ်!...ငါ့အပေါ်ကဆင်းတော့ ငါနိုးပြီ"
ပြောရင်း လက်ကလေးများဖြင့် Jungkookအားတွန်းဖယ်လာသည်။သို့သော်လည်း Jungkookက သူ့အားတွန်းဖယ်နေပါသော Tae၏လက်များအားချုပ်ကိုင်လိုက်ပြီး.....
"မရတော့ဘူး...ကိုယ်နှိုးထဲကမထတဲ့အတွက် အပြစ်ပေးရမယ်"
ဆိုကာ တဖြေးဖြေး Tae၏နှုတ်ခမ်းအား ချဉ်းကပ်လာသော Jungkook.
Taeလဲ မျက်လုံးကိုစုံမှိတ်ချလိုက်ရင်း ... ချစ်သူနှစ်ယောက်၏နှုတ်ခမ်းများထပ်တူကျလုဆဲဆဲအချိန်...
"အဟမ်း!!"
ရုတ်တရတ်ထွက်ပေါ်လာသော ချောင်းဟန့်သံကြောင့်နှစ်ယောက်လုံးပြာပြာသလဲဖြင့် ။ Jungkookလဲ Taeအပေါ်မှဆင်းကာ ကုတင်ဘေး၌ ရပ်လိုက်ပြီး Taeလဲ အမြန်ပင်ထထိုင်လိုက်သည်။
YOU ARE READING
ONLY YOU { Completed }
Fanfiction{ Zawgyi + Unicode } မင်းသာလျှင် ကိုယ့်အတွက် တစ်ဦးတည်းသောချစ်ရသူ... Only You~~~ 🐯🐰 မင်းသာလျှင် ကိုယ့်အတွက် တစ္ဦးတည်းသောချစ်ရသူ... Only You~~~ 🐯🐰