{ Zawgyi Version }
နွေဦးရာသီသို့ ကူးပြောင်းပြီဖြစ်သော်လည်း ဆောင်းရာသီ၏လေအေးလေးနဲ့အတူ အချမ်းဓာတ်လေးက ကျန်ရှိလို့နေသည်။
တိတ်ဆိတ်နေသော အခန်းထဲဝယ် ရေချိုးခန်းထဲရှိ ရေပန်းမှ အဆက်မပျက်ကျဆင်းနေသော ရေသံက ဖုံးလွှမ်းလို့နေသည်။
ထိုအဆက်မပြတ်စီးကျနေသော ရေပန်းအောက် ထိုင်နေသည်မှာ ဘယ်လောက်ကြာပြီမသိ။ နှုတ်ခမ်းများပင် ဖြော့လို့နေပြီး တစ်ကိုယ်လုံးတုန်ရီလို့နေသည်။
Kim Taehyung...ဆိုတဲ့ငါကြောင့် သူတို့တွေ စိတ်ဒုက္ခရောက်ရတာ...။ငါ့ကြောင့်သာ သူတို့တွေ မျက်ရည်ကျရတာ...။
ငါက သူတို့တွေအနားမရှိသင့်တော့ဘူး...မဟုတ်ဘူး ...အစထဲက သူတို့အနားမှာ မရှိခဲ့သင့်တာ။ငါက ကိုယ့်ကိုကိုယ်ပဲကြည့်ပြီး ဘေးကလူတွေနာကျင်ရတာကိုမမြင်ခဲ့မိဘူး။
Jimin ပြောခဲ့ဖူးသလို "မင်းတစ်နေ့နောင်တ အကြီးအကျယ်ရလိမ့်မယ် Kim Taehyung"ဆိုတဲ့ စကားကိုငါသေချာနားလည်နေပြီ။
တောင်းပန်ပါတယ်...အရာအားလုံးအတွက်...။
တောင်းပန်ပါတယ်...ဘယ်တော့မှ ခွင့်လွှတ်မပေးပါနဲ့...။လက်ထဲကိုင်ထားသော ချွန်ထက်လှသည့်ဓားသွားလေးအား ဖြူ ဖွေးစွာနဲ့ သွေးကြောစိမ်းလေးများပင် မြင်နေရသည့် လက်ကောက်ဝတ်ပေါ်သို့ အသာတင်လိုက်သည်။
ငါသာမရှိတော့ရင်...ငါသာ သူတို့အနားမှာမရှိတော့ရင်...အရာအာလုံးပျော်ရွှင်နိုင်မှာ...။
အတွေးများနှင့်အတူ လေးလံလာတဲ့မျက်ခွံအား မှိတ်ချလိုက်တော့ ပူနွေးနွေးမျက်ရည်စီးကြောင်းကပါးပြင်ထက် နေရာယူလေသည်။မှိတ်ပြီးသား မျက်လုံးအစုံအား ပြန်လည် မဖွင့်ချင်တော့...အင်းးး...ဒီခံစားချက်...။
ငါ့ကြောင့် ဘယ်သူမှမနာကျင်ရတော့ဘူး...။
ထို့နောက် နှုတ်ခမ်းထက်ဖြစ်ပေါ်လာသော အပြုံးတစ်ခု။အဓိပ္ပာယ်ပေါင်းများစွာနှင့် ထိုအပြုံးက နောက်ဆုံးအပြုံးများလား...?
ချွန်ထက်လှသော ဓားအားကိုင်ထားသည့် လက်အား အားထည့်ကာ မျက်စိစုံမှိတ်ရင်း လက်ကောက်ဝတ်ပေါ်သို့ဖိချလိုက်သည်။

YOU ARE READING
ONLY YOU { Completed }
Fanfic{ Zawgyi + Unicode } မင်းသာလျှင် ကိုယ့်အတွက် တစ်ဦးတည်းသောချစ်ရသူ... Only You~~~ 🐯🐰 မင်းသာလျှင် ကိုယ့်အတွက် တစ္ဦးတည်းသောချစ်ရသူ... Only You~~~ 🐯🐰