Part - 7

6.6K 703 55
                                        

{ Zawgyi Version }

ဒူ~ ဒူ ~ဒူ~ ဒူ~…

ကျစ်!

Ph သံကိုပိတ်ထားသော်လည်း vibrateသံ တဒူဒူကြောင့် Taehyung စိတ်ရှုပ်လာမိသည်။

ဘယ်သူဆက်လည်း ကြည့်စရာမလို။လွန်ခဲ့တဲ့သုံးရက်ကတည်းက Jungkook, Taehyung အား phတွေဆက်တိုက်ခေါ်နေခဲ့သည်။Taehyung ကလည်း phအား မကိုင်။အိမ်လာတွေ့ လည်း အဝင်မခံ။ကျောင်းမှာလည်း အမြဲ သူနဲ့မတွေ့ မိစေရန်အမျိုးမျိုးရှောင်နေခဲ့တာ။

ဒါပေမဲ့ ...ဘာလို့လဲ??
ဘာလို့ တစ်မျိုးကြီးခံစားနေရတာလဲ?သူက ကိုယ်ချစ်ရတဲ့သူကို ကိုယ်ထိလက်ရောက် ကျူးလွန်ထားသည့်သူမဟုတ်ပါလား။ဘာ့ကြောင့်များ...ထိုနေ့က Jungkook အားပြောခဲ့တဲ့စကားတွေအတွက် အပြစ်ရှိသလို ၊ အားနာမိနေသလို ခံစားနေရတာလဲ။တစ်ကယ်တန်း အပြစ်ရှိသူက Jungkook မဟုတ်လား။

အခုထိ တုန်ခါနေသော phကိုကြည့်နေမိသည်။

အသိစိတ်က မကိုင်ရန် တားနေပေမဲ့ မသိစိတ်က အားသာသွားသည်ထင်။phအား ကိုင်ရန် လက်လှမ်းလိုက်တော့...သူ၏လက်အား လာရောက်ဆုပ်ကိုင်လိုက်သော လက်သွယ်သွယ်။

"oppa... ဘာတွေဒီလောက်တောင်တွေး နေတာလဲ...Shinပြောတာကော ကြားရဲ့လား"

ဟုတ်သား။သူ Shinကိုမေ့ပြီး Jungkookအကြောင်းတွေ တွေးနေမိတာပဲ။

Phအားကိုင်ရန် ပြင်နေသည့်လက်ကို ပြန်ရုတ်လိုက်ရင်း...

"ဘာ...ဘာပြောလိုက်တာလဲ Shin......ကိုယ်နည်းနည်း တွေးစရာလေးတွေရှိနေလို့ မကြားလိုက်ဘူး"

"ဟွန့်!...တွေ့ လား...Shin ပြောတာကိုသေချာလဲနားမထောင်ဘူး..."

ဆူပုတ်စွာ ပြောလာလေတော့...သူမ၏ ပါးလေးအားအသာဆွဲကာ ...မျက်နှာချင်းဆိုင်လိုက်သည်။

"ကဲ !...ကိုယ့်ရဲ့ Shinလေးကဘာတွေဒီလောက်ပြောနေတာလဲ...အခုထပ်ပြော !...ကိုယ်သေချာနားထောင်ပေးမယ်"

"Shin ရေခဲမုန့်စားချင်လို့......အဲ့တာပြောနေတာကို...ဘာလဲ!...ဝယ်မကျွေးချင်လို့လား"

"မဟုတ်ရပါဘူး Shinရယ်...ကိုယ့်ချစ်သူကစားချင်ရင် ကိုယ်ဝယ်ကျွေးမှာပေါ့...ဒီမှာခဏစောင့်နေ ...ကိုယ်အခုချက်ခြင်းသွားဝယ်ပေးမယ်"

ONLY YOU { Completed }Where stories live. Discover now