{ Zawgyi Version }
BUTTERFLY 🦋...ဆိုသည့် ကော်ဖီဆိုင်လေးထဲတွင် ကော်ဖီနံ့ သင်းသင်းလေးနှင့်အတူ ငြိမ့်ညောင်းသည့် သီချင်းသံ ခပ်အေးအေးက ဖုံးလွှမ်းလို့နေသည်။
သောက်နေကျ ကော်ဖီတစ်ခွက်သာ မှာထားလိုက်ပြီး ချိန်းထားသူကို Jungkookစောင့်နေလိုက်သည်။ခဏအကြာ waiterလေးတစ်ဦးမှ လာချပေးသော ကော်ဖီအား သောက်ရင်း စောင့်နေသည်မှာ ခွက်ထဲရှိကော်ဖီပင် တစ်ဝက်ကျိုးလို့နေပြီ။
နာရီကို ကြည့်လိုက် မှန်တွေဖြင့်ကာရံထားသောကြောင့် မြင်နေရသော အပြင်ဘက်အား ကြည့်လိုက်နှင့် အချိန်ကား နာရီဝက်ပင်ကျော်၍လာသည်။
"Jungkook စောင့်နေတာကြာသွားလား Hyung companyမှာ အလုပ်လေးနဲနဲရှုပ်နေလို့"
"သိပ်မကြာသေးပါဘူး Hyung.. "
သူသိပါသည်။အရင်ပြဿ နာတွေ ဖြစ်ပြီးထဲက Companyမှာ အရင်နဲ့မတူ အရမ်းအလုပ်ရှုပ်နေမှန်း Jin hyungပြောပြထားလို့ သူနားလည်ပါသည်။
ဒီလောက် အလုပ်တွေများနေသည့်ကြားထဲမှ သူနဲ့ပြောစရာရှိသည်ဆိုကာ ချိန်းဆိုလာသော Namjoon Hyungကြောင့် သူ့စိတ်တွေအလိုလိုနေရင်း လေးလံနေမိသည်။
ရောက်လာထဲက Jungkook၏အရှေ့မျက်နှာချင်းဆိုင်၌ ဝင်ထိုင်လိုက်ပြီး ကော်ဖီတစ်ခွက်လှမ်းမှာသည့် Hyung...။နောက် ချလာပေးသည့် ကော်ဖီအားသောက်ရင်း ဘာစကားမှမဆိုသေး။တိတ်ဆိတ်လို့နေသည်။
Hyungကြည့်ရသည်မှာ တခုခုကိုအလေးအနက်ပြောချင်ပေမဲ့ ဘယ်ကစပြောရမှန်းမသိ။တွေဝေနေသည့်ပုံပင်။ထို့ကြောင့် Jungkookဘက်ကပဲ အရိပ်အချည်ကြည့်ကာ စကားစလိုက်သည်။
"Hyung ကျတော့်ကို ဘာများပြောစရာရှိလို့လဲ"
ထိုအခါမှ သောက်လက်စကော်ဖီအား ရပ်ကာ သူ့အားမော့ကြည့်လာသည်။
"ဩော်...ဟို Shin SangKyoဆိုတဲ့တစ်ယောက်ကိုမင်းဘယ်လိုလုပ်စေချင်လဲ"
"Hyungကကော ဘယ်လိုစဉ်းစားထာလဲ...Hyungကျေနပ်သလိုစီစဉ်ပါ"
"အမှန်တိုင်းပြောရရင် Hyungကတော့ ဥပဒေအတိုင်းဆောင်ရွက်ချင်တယ် Hyungသူ့အကြောင်းစုံစမ်းကြည့်တော့ သူကယောကျာ်းလေးတွေကို အရုပ်တစ်ရုပ်လိုသဘောထားပြီး တွဲခဲ့တာပဲ အခုလိုလုပ်လိုက်မှ သူနောင်တရမှာ ...ဒါပေမဲ့ Taeလေးက သူ့ကိုတရားစွဲထားတာရုတ်သိမ်းစေချင်တယ်လို့ပြောတယ် "
YOU ARE READING
ONLY YOU { Completed }
Fanfiction{ Zawgyi + Unicode } မင်းသာလျှင် ကိုယ့်အတွက် တစ်ဦးတည်းသောချစ်ရသူ... Only You~~~ 🐯🐰 မင်းသာလျှင် ကိုယ့်အတွက် တစ္ဦးတည်းသောချစ်ရသူ... Only You~~~ 🐯🐰
