<Unicode>
အချစ်နတ်ဘုရားတစ်ပါး အပျော်အပါးလိုက်စားတာကို နားလည်ပေးလို့ရသော်လည်း ရှန့်ခယ်နှင့်တော့ ထို 'အပျော်အပါး' ကို ဝေမျှလိုက်မစားသင့်ပေ။ အခုတော့ စစ်နတ်ဘုရားနှင့် ပြဿနာတက်ကာ ရှန့်ခယ်ကိုပါ ဆွဲထည့်မိပြီ ဖြစ်သည်။
ရှန့်ခယ်မှာ စစ်နတ်ဘုရားကျောင်းသို့ တစ်ခါထပ်ခေါ်ဆောင်သွားခံရကာ နောက်ဘာဆက်ဖြစ်မည်ကိုတော့ ခန့်မှန်းရလွယ်သည်။ သူက ခံသူနေရာမှ ပြုသူအဖြစ်သို့ နေရာချိန်းဖို့ ဆုံးဖြတ်လိုက်သည်။ ဆာရာသူ့မျက်နှာဖုံးချွတ်နေသည်ကို အခွင့်ကောင်းယူကာ ဆာရာ့လည်ပင်းပေါ်လက်များသိုင်းဖက်၍ ဒေါသတွေ မထုတ်လွှတ်လာခင် အမှီ ဆာရာ့နှုတ်ခမ်းကို တန်းပိတ်လိုက်တော့သည်။
ဆာရာက အံ့အားသင့်သွား၍ ဘုရားကျောင်းထဲ ထိုအတိုင်းတောင့်တောင့်ကြီး ရပ်နေမိကာ ရှန့်ခယ်မှ သူ့နှုတ်ခမ်းများအား စိတ်တိုင်းကျ တိုက်ခိုက်နေမှုကို ခွင့်ပြုထားမိသည်။ နှုတ်ခမ်းပါးနှစ်ခုသည် တင်းကြပ်နေအောင် ပူးကပ်နေကာ လျှာအချင်းချင်းစုပ်ယူ၍ တံတွေးလဲလှယ်နေမိကြသည်။
တဖြည်းဖြည်းနှင့် ဆာရာ့ခန္ဓာကိုယ်မှာ ပြန်အကြောလျှော့ကျလာသည်။ နှစ်ယောက်သားအနမ်းမှာလည်း ကမူးရှူးထိုးဆန်ရာမှ ကျွမ်းကျင်သူများအလား ပိုပိုပြီး စိတ်အားထက်သန်လာကြသည်။ အပူလှိုင်းတစ်ခုက နှစ်ဦးခန္ဓာကိုယ်ကို ဖြတ်တိုက်ချလိုက်သလိုပင် မဆုံးနိုင်သော တပ်မက်မှုများကြား နစ်မောသွားမိကာ အကြောင်းအရင်းအကုန် မေ့ပျောက်သွားမိသည်။
စစ်နတ်ဘုရားမှ နံရံသို့ ဆောင့်ကပ်ခြင်းခံလိုက်ရပြီးနောက် ရှန့်ခယ်၏ အဝတ်များအကုန် မြေပြင်ပေါ် ကျကုန်သည်။ ဆာရာက နောက်တစ်ကြိမ်ထပ်မံ၍ သူ၏ အဝတ်ချွတ်အတတ်ပညာကို ထုတ်ပြကာ ရှန့်ခယ်ကို ကြားခံအဝတ်အစားများမှ ဘာမှမဖြစ်သလို ဖယ်ထုတ်လိုက်သည်။
ရှန့်ခယ်က သူ့သားရေပတ်လေးကို ကောက်ပတ်သည်။ ဘယ်လောက်ပဲ အရှုံးသမားဖြစ်ပါစေ အဆုံးအစွန်တော့ ကြိုးစားဖူးရမယ်ဟူသော ဆုိရိုးစကားတစ်ခုရှိသည်။ ဆာရာတောင် အခုထိ အဝတ်အပြည့်ရှိသေးတာကို ဒီလောက်နှင့် သူလက်နက်မချလိုက်နိုင်ပေ။
YOU ARE READING
ချစ်သူ့ နတ်ဘုရား〖 Completed 〗
FantasyTranslation Status : Completed This is the Burmese translation of HDS Arc 9. I translated this arc from English translation which is why I asked for permission to let me translate ONLY this arc from E-tran team via E-mail. I got permitted at 28th Ma...