( ၁ )

487 39 1
                                    

( ၁ )
_____

"အစ်မရယ် ထွက်မသွားပါနဲ့"
အာခေါင်ကွဲမတတ် အသံကုန်ခြစ်၍ အော်ငိုမိသည် ။

သူမ သည် မည်သည့်အသံတစ်စုံတစ်ရာမျှ မကြားသကဲ့သို့
တစ်ချက်မျှပင် လှည့်မကြည့်ဘဲ နောက်ကျောခိုင်းကာ ထွက်သွားလေ၏ ။

ထိုအချိန်တွင် ကျွန်မ ခြေအစုံရပ်ရာ မြေပြင်သည် ရုတ်ချည်းပင် အမှောင်အပြည့်ဖြစ်သော လေဟာနယ်အဖြစ်သို့ ပြောင်းသွားကာ
ကျွန်မ၏ခန္ဓာသည် အဆီးအတားမရှိ လွတ်လပ်စွာ ပြုတ်ကျလာခဲ့သည် ။

အိမ်မက်မှ ထိတ်လန့်စွာနိုးလာသောအခါ
ကျွန်မမှာ အလွန်မောဟိုက်နေပြီး အသက်ကိုပင်အလုအယက်ရှူသွင်းနေရသည် ။
လက်ဖျားများ အေးစက်နေပြီး ကြောက်လန့်ကာ တုန်ရီနေမိသည် ။

သောက်စရာ တစ်ခုခုရှာမိသည့်အခါ
ကျွန်မကုတင်ဘေး စားပွဲပေါ်မှ
သောက်လက်စကော်ဖီခွက်လေးဟာ နွေးဆဲပါပဲ ။

#အယ်ရာ

ကော်ဖီခွက်လေးနွေးတုန်းပဲWhere stories live. Discover now