မိုးအေးအေး
လေဖြူးဖြူးနဲ့
တိမ်မှိုင်းမှိုင်းတွေကြား
တရွေ့ရွေ့လာနေသောလိုက်ထရပ်ကားလေးကဇာ့အရှေ့မှာရပ်တန့်လာသည်။အရပ်ပုပုအကိုတစ်ယောက်က ဇာ့လက်ထဲမှ ထမင်းချိုင့်အိတ်လေးကို ကူသယ်ပေးတယ်။
လွတ်နေသောခုံအစွန်းတစ်ဖက်တွင် ဇာဝင်ထိုင်လိုက်သည်နှင့် လိုက်ထရပ်ကားလေးသည် နောက်သောကျောင်းသားအိမ်သို့ မောင်းထွက်လေသည်။အဖြူ အစိမ်းသာ ခပ်များများခြယ်ထားသော ရပ်ဝန်းနေရာမှာ လိုက်ထရပ်ကားလေး ရပ်လိုက်သည်နှင့် တစ်စီးလုံးမှကျောင်းသားအားလုံးအလုအယက်ဆင်းကြသည်။ဇာအပါအ၀င်ပေါ့။ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်များအနက် သရဆောင်ဘက်သို့ ခြေဦးတည်လိုက်သည်။အဆောင်နှင့်ကားလမ်းကြား နွယ်ပန်းတို့တွယ်တတ်လျက်ရှိသော သစ်သားတိုင်လေးများနဲ့ အလှဆင်ထားသော လျှောက်လမ်းကျ ဉ်းလေးတစ်ခု။
အဓိကဝင်ပေါက်ကျယ်အစား ဒီလျှောက်လမ်းကျ ဉ်းလေးကိုသာ အသုံးပြု ၍ အဆောင်အတွင်းသို့ ဝင်ဖြစ်ခဲ့သည်မှာ ၅ ရက် မြောက်ရှိလေပြီ။လျှောက်လမ်းအဆုံးရှိ ၀င်ပေါက်ဘေးမှ အဆောင်၏ဘယ်ဘက်ခြမ်း လှေကားရှိသို့ ချိုးကွေ့လိုက်သည်။
သရဆောင်၏မြေညီထပ်တွင် ကျောင်းအုပ်ဆရာမကြီးရုံးခန်းနှင့် အစည်းအဝေးခန်းအပြင် စတိုခန်းသေးသေးလေးတစ်ခုကလည်းရှိသေးသည်။ပထမထပ်တွင် ဆဌမတန်းနှင့် မြန်မာ့တူရိယာခန်းရှိသည်။ဒုတိယထပ်တွင်တော့ အဌမတန်းနှင့်ဘုရားခန်းရှိသည်။
၂ကြောင်းဆွဲတတ်သောကျောင်းကား၏ကောင်းမှုကြောင့် ဇာကျောင်းရောက်ချိန်သည် စောပါ၏။
သန့်ရှင်းရေးတာဝန်ကျကျောင်းသားအချို့သာရှိနေတတ်သည်။ဇာသည် လူရှင်း၍ ဆိတ်ငြိမ်သောနေရာများကိုနှစ်သက်သူပီပီ ယခုလည်း လှေကား ၂ ခုရှိသည့်အနက် အသုံးနည်းသော လှေကားမှသာ ဇာ့စာသင်ခန်းရှိရာ ဒုတိယထပ်သို့ တတ်ခဲ့သည်။လှေကားတွေတထစ်ချင်းနင်းလျက် ဖြေးဖြေးမှန်မှန်တတ်ခဲ့ရာ ပထမထပ်သို့ရောက်လေပီ။ကွေ့၍လှေကားထစ်တွေကို ထပ်နင်းသည်။အကွေးတစ်ခု ထပ်ကွေ့ရပြန်သည်။ ထိုအခါမှ ဇာ့အနောက်မှ ခြေသံကို သတိပြုမိ၏။သို့သော်ဇာလှည့်မကြည့်ဖြစ်ပါ။ကျောင်းသားတိုင်းအသုံးများသော တဖက်လှေကားကို မသုံးဘဲ ဒီလှေကားကိုသုံးသောကြောင့် ဇာ့လိုလူမျိုးလားဟူ၍ တွေးမိသည်။ ပထမအထပ်တွင် မရပ်တန့်ဘဲ ဆက်၍ တတ်လာသောခြေသံသည် ဇာ့လိုပဲ ၈တန်းကျောင်းသားတစ်ဦး ဖြစ်နိုင်သည်ဟု သတ်မှတ်ရင်း ဇာ့ခြေလှမ်းသည် လှေကားထိပ်၏ ဘယ်ဘက်၂ခန်းမြောက်ရှိရာသို့....။
![](https://img.wattpad.com/cover/221747197-288-k738684.jpg)
YOU ARE READING
Hush-Hush Love
Short Storyလူတိုင်းstateကျောင်းသားဘ၀မှာကြိတ်ချစ်ခဲ့ရသူတစ်ဦးတော့ရှိဖူးကြတယ်ဟုတ်။ မရှိခဲ့ဖူးဆိုလျှင်တောင်စိတ်ကူးယဉ်ခဲ့ဖူးတဲ့love story lineလေးတွေတော့ရှိခဲ့မှာပါ။ stateကျောင်းသားဘဝကိုပြန်မြင်ယောင်ပြီးပေါ့ပေါ့ပါးပါးလေးဖန်တီးထားပါဆတယျ လူတိုင်းstateကျောင်းသားဘ၀မှာက...