Part-2

30 6 8
                                        

မျက်နှာစိမ်းကျောင်းသားကတော့
"မုန့်ဈေးတန်းဘယ်မှာလဲ"
ဟုမေးပြီး အခန်းပြင်ပြန်ထွက်သွားတော့သည်။
ဇာလည်းတံမြက်စည်းလှည်းပီးတဲ့နောက် ဆရာမစားပွဲပေါ်မှ ပန်းအိုးကို ရေလဲဖို့သွားအယူတွင်

"ဟာ ဇာ! တံမြက်စည်းတောင်လှည်းပီးပီလား"

"အေး သက်သက် အခန်းထဲပဲလှည်းပီးသေးတာပါ။ကော်ရစ်ဒါကို နင်လှည်းလိုက် ပြီးရင် ဘုရားခန်းကို တူတူသွားကြမယ်လေ"

"အေးအေး"

သက်သက်သည် သူငယ်တန်းထဲကပင် ဇာနှင့်ဘေးချင်းကပ်ထိုင်လာခဲ့သော ဇာ၏တဦးတည်းသော အရင်းနှီးဆုံးသူငယ်ချင်း ဖြစ်သည်။
မျက်နှာတည်ပြီး အနေအေးသောဇာ့အတွက် မေးထူးခေါ်ပြောသူငယ်ချင်းတွေများပေမယ့် ရင်းရင်းနှီးနှီးရှိသူမှာမူ နည်းလှသည်။ထိုအထဲမှာ သက်သက်သည် အရင်းနှီးဆုံးပင် ဖြစ်သည်။

ဆရာမပန်းအိုးကိုကိုင်ရင်းအောက်ထပ်ရှိဘေစင်သို့ဇာဆင်းလာခဲ့သည်။ ဘေစင်သည် အဆောင်တွင်း၌ရှိပြီး ရှေ့တွင်သံဇကာများကာထားသောကြောင့်အတွင်းအပြင် လှမ်းမြင်နေရသည်။ ပန်းအိုးထဲရှိ ပန်းအချို့မှာအတော်ညှိုးနေပီဖြစ်သောကြောင့် ဖယ်ထုတ်ပစ်လိုက်ရ၍ ပန်းအနည်းငယ်သာ အိုးထဲတွင် ကျန်တော့သည်။ မနက်ဖြန် ဗုဒ္ဓဟူးနေ့အသင်းခေါင်းဆောင်ကို ပန်းဝယ်ရန် ပြောရမည်ဟု ဇာ မှတ်ထားလိုက်သည်။ အသင်းခေါင်းဆောင်များသည် ယောကျ်ားလေးများဖြစ်သည့်အလျှောက် လက်ကြောမတင်းကြချေ။ကျောင်းဝေယျာဝစ္စများကို သတိပေးနေရပေသည်။ ကိုယ့်ဘာကိုယ် အတွေးများနေစဉ် တယောက်ယောက်ကြည့်နေသလို ခံစားလိုက်ရသည်။ သို့သော် ဇာမော့မကြည့်ဖြစ်ဘဲ ပန်းအိုးကို သတိထားကိုင်ပြီး အပေါ်သို့ တတ်ခဲ့လိုက်တော့သည်။
................................~~~

"ကျောင်းသားသစ် ရောက်ပီလား"

အတန်းပိုင်ဆရာမ၏ခေါ်သံ နှင့်အပြိုင် ထိုကျောင်းသားသစ်၏"ဟုတ်ကဲ့"ဟူသောအသံက ထွက်လာသည်။
အနောက်ခုံသို့လှည့်မကြည့်ဖြစ်ပေမယ့် ဇာ နားစွင့်နေမိသည်။

"သားနာမည်က တမ်းတရိပ်နော်"

"တမ်းတရိပ်"

Hush-Hush LoveWhere stories live. Discover now