ဇွန်လအတွက်အခန်းဆုံးစာမေးပွဲပြီးချိန်မှာ PTချိန်အတွက် activityတခုရွေးဖို့ တိုင်ပင်ဖြစ်ကြသည်။ တနင်္လာနှင့်သောကြာနေ့တိုင်း နောက်ဆုံး(၂)ချိန်ဆက်တိုက်သည် PTချိန် အဖြစ်သတ်မှတ်ထားသည်။ ဇာနှင့်သက်သက်မှာ ၀တ်ရွတ်စဥ်အသင်းထဲ ၀င်ဖြစ်ကြပြီး တမ်းတမှာ ဘတ်စကတ်ဘောအသင်းထဲ ၀င်ဖြစ်ခဲ့သည်။ တလပြီးတလ အချိန်တွေ ကုန်ဆုံးသွားခဲ့သလို တမ်းတသည်လည်း ခင်မင်ရင်းနှီးသူတွေ တရှိန်ထိုးတိုးလာခဲ့သည်။ ဇာ့အပေါ်ဂရုတစိုက်ရှိသလို အခြားသူတွေအပေါ်လည်း သူကဂရုတစိုက် ကူညီဖေးမ တတ်မြဲပါ။ ဒါကို သူအနားရောက်လာတိုင်း ထဖောက်တတ်သော နှလုံးခုန်သံကို စိတ်တိုမိပါသည်။ ဇာကိုယ်တိုင် သတိမထားမိခင်တည်းကပင် ကျောင်းကားပေါ် သူ့ဘေးနားလေးထိုင်ပြီး ရေမွှေးနံ့လေးရှူရှိုက်ရတာကို သဘောကျလာခဲ့သည်။ သူနဲ့စကားတွေပြောရတာ နှစ်သက်လာသလို သူစနောက်သည့်အခါတိုင်း စိတ်မဆိုးမိဘဲ ပျော်နေတတ်သည်။ ဂလန်ဂလားသူ့အရပ်မှာလည်း တမူဆွဲဆောင်နိုင်စွမ်းရှိနေသလို ရယ်မောလိုက်တိုင်း ပျောက်သွားတတ်တဲ့ သူမျက်လုံး၀ိုင်းတွေကိုလည်း တခုတ်တရ ကြည့်တတ်လာခဲ့သည်။ နှာတံချွန်လေးနဲ့ နှုတ်ခမ်းပါးမှာလည်း တပါးသူထက်ကို ပိုထူးခြားနေသလို ဆံပင်တွေ ကပိုကယိုဖြစ်နေခြင်းက သူ့အလှည့်မှ ကြည့်ကောင်းနေပါတယ်။ ဘတ်စ်ကတ်ဘောလေ့ကျင့်ချိန်တွေ တိုးလာတာကြောင့် လွတ်သွားတဲ့စာတွေကို ကူးဖို့ အကူအညီတောင်းလာတဲ့အခါမှာလည်း သူစာကျက်တိုင်း ဇာ့လက်ရေးလေးတွေ မြင်နေမှာမို့ ပျော်နေမိပြန်ပါတယ်။ အရင်က ခြေဦးမလှည့်ချင်ခဲ့သော မုန့်စျေးတန်းမှာ အခုတော့ ထမင်းဆိုင်ထိုင်တတ်တဲ့သူ့ကို မြင်ရဖို့အရေး နေ့တိုင်းအကြောင်းရှာသွားရသည့် နေရာလေးတခု ဖြစ်လာခဲ့သည်။ ရှမ်းဗမာတစ်ဦးဖြစ်တဲ့အတွက် သူ့ရဲ့ ဇနဲ့ဇာကြားက မပီတပီခေါ်သံမှာ တမျိုးလေးနားထောင်ကောင်းနေတတ်ပါသည်။
တမ်းတ၏ ပုံရိပ်တွေ ဇာ့ရင်ထဲတစစ ၀င်လာခဲ့သလို ကျောင်းတော်ကြီး၏ မိန်းကလေးထုကြားမှာလည်း ထပ်တူရေပန်းစားနေပြန်ပါတယ်။
................................."ဇာ! နင်ရေဘူးပါလား၊ငါရေဆာလို့"
ဘတ်စ်ကတ်ဘောလေ့ကျင့်ပြီး၍ ပြန်လာသော တမ်းတမှာ အခန်းထဲရောက်မဆိုက် ဇာ့ဆီမှ ရေဘူးတောင်းလာသည်။ အခန်းရှေ့သာမက အဆောင်ရှေ့မှာပါ ရေသန့်ဘူးတွေထားပေးထားသည်ပင်။ ဤသည်ကို ဇာ့ထံမှောက် ဆိုက်ဆိုက်လာပြီး ရေဘူးတောင်းသည်ကို တမျိုးတမည်တွေးမထင်ရဲ။ ရေကိုဆက်တိုက်မော့သောက်နေသောတမ်းတမှာ အတော်ကိုရေငတ်နေရှာဟန်။ ဆက်တိုက်မော့သောက်နေခြင်းကြောင့် အထက်အောက်စုန်ဆန်နေသော လည်စလုတ်ကြောင့် ဆွဲဆောင်မှုရှိလိုက်တာလို့ တွေးလိုက်မိတဲ့အခါ ကိုယ့်အတွေးကို ထိတ်လန့်သွားမိပြန်သည်။ ထိုအချိန်တွင်
YOU ARE READING
Hush-Hush Love
Short Storyလူတိုင်းstateကျောင်းသားဘ၀မှာကြိတ်ချစ်ခဲ့ရသူတစ်ဦးတော့ရှိဖူးကြတယ်ဟုတ်။ မရှိခဲ့ဖူးဆိုလျှင်တောင်စိတ်ကူးယဉ်ခဲ့ဖူးတဲ့love story lineလေးတွေတော့ရှိခဲ့မှာပါ။ stateကျောင်းသားဘဝကိုပြန်မြင်ယောင်ပြီးပေါ့ပေါ့ပါးပါးလေးဖန်တီးထားပါဆတယျ လူတိုင်းstateကျောင်းသားဘ၀မှာက...