ဒီနေ့က အင်္ဂါနေ့၊ ဇာတို့အသင်း သန့်ရှင်းရေးတာ၀န်ကျတဲ့နေ့လေးပေါ့။
ကျောင်းကားရပ်လိုက်သည်နှင့် ဇာနှင့်တမ်းတ ကျောင်း၀င်းဂိတ်ကို ဖြတ်ပြီး အဆောင်တွင်းသို့အလျင်အမြန်၀င်ကြသည်။ လှေကားတက်နေချိန်တွင် တမ်းတမှ"ဇာ ငါဒီနေ့ဘာလုပ်ပေးရမှာလဲ"
"ခုံစီရမှာပေါ့ မေးနေစရာလိုသေးလား"
"တခြားဟာပြောင်းခိုင်းမလားလို့"
"နင်တို့ယောင်္ကျားလေးတွေက အားနေ ဘောလုံးကွင်းသွားဖို့ပဲ ကြံနေတာ ဟွန့်"
ဇာနှာတချက်မှုတ်၍ ရွဲ့တဲ့တဲ့ပြောလိုက်တော့
"လုပ်ပါတယ်ဟ ခုံလည်းစီပေးတယ်။ မှတ်တမ်းစာအုပ်လည်း သွားထုတ်ပေးတယ်။ ရေသန့်ဘူးလည်း ဆေးပေးတယ်။ ရေဖြည့်ပေးတယ်။ ငါ အသင်းအတွက်အများကြီးလုပ်တယ်"
အသည်းအသန်ရှင်းပြနေသော တမ်းတကို ကြည့်ရင်း ဇာ ရယ်ချိပက်ကျိ ဖြစ်သွားရသည်။ထိုရယ်ချင်စိတ်လေးသည် စာသင်ခန်းထဲရှိ ဆရာမစားပွဲပေါ်မှ ပန်းအိုးကိုမြင်ချိန်တွင် ဖျက်ကနဲပျောက်သွားရတော့သည်။
"ဟာ! ငါ အခုမှသတိရတယ်၊ မနေ့က အသင်းခေါင်းဆောင်ကို ပန်း၀ယ်ဖို့ သတိပေးရမှာကို မေ့သွားတယ်"
ဇာစိတ်ပူစွာ ပြောမိသည်။
"သူ၀ယ်လာမှာပါ။ စိတ်မပူပါနဲ့"
"အေး၊ သူ၀ယ်မလာရင်လည်း ဆရာမဆူတာကိုပျော်ပျော်ကြီးခံကြရတာပေါ့။ လောလောဆယ် နင်ခုံသေချာစီ အပြစ်မတိုးအောင်သေချာလုပ်"
တမ်းတ ခုံစီနေချိန်တွင် ဇာသည် တခန်းလုံးကိုသေချာ တံမြက်စည်းလှည်းရသည်။ တံမြက်စည်းလှည်းပြီးချိန်ထိပင် အသင်းခေါင်းဆောင်က ပေါ်မလာပေ။ သက်သက်သည်လည်း လူသာရောက်လာသည်။ ပန်း၀ယ်ရန်မေ့နေခဲ့သည်။ ကျောင်းတတ်ရန် ၁၀မိနစ်အလိုမှသာ
အသင်းခေါင်းဆောင်သည် သစ်ခွပန်း၂ခက်နှင့် ဂန္ဓမာ၁စီးကိုင်ကာ ရောက်ချလာပါတော့သည်။"ငါတို့ အသင်းခေါင်းဆောင်ကြီးက တော်လိုက်တာ မမေ့ဘူးပဲ၊ တော်သေးတာပေါ့"

YOU ARE READING
Hush-Hush Love
Nouvellesလူတိုင်းstateကျောင်းသားဘ၀မှာကြိတ်ချစ်ခဲ့ရသူတစ်ဦးတော့ရှိဖူးကြတယ်ဟုတ်။ မရှိခဲ့ဖူးဆိုလျှင်တောင်စိတ်ကူးယဉ်ခဲ့ဖူးတဲ့love story lineလေးတွေတော့ရှိခဲ့မှာပါ။ stateကျောင်းသားဘဝကိုပြန်မြင်ယောင်ပြီးပေါ့ပေါ့ပါးပါးလေးဖန်တီးထားပါဆတယျ လူတိုင်းstateကျောင်းသားဘ၀မှာက...