လူသူ ပြတ်တဲ့ လမ်းကြားလေးတစ်ခုမှာ
လူအုပ်တစ်ခု။ အလယ်က ကောင်လေး
သေးသေးလေးကို ဝိုင်းထားသည့်ပုံပင်။
ဘေးက ဝိုင်းထားသည့်လူများက
အနောက်တိုင်းက လူကောင်းကြီးကြီး
အရပ်ရှည်ရှည်နှင့် လူများပင်ဖြစ်သည်။ဒါပေမယ့် ဝိုင်းခံထားရတဲ့ ကောင်လေးကတော့
ကြောက်နေသည့်ပုံ တစ်စက်ကလေးမှ မပေါ်
မျက်ထောင့်နီနဲ့သာ အားလုံးကိုပြန်ကြည့်နေသည်။
သူ့လက်ထဲက သေနပ်က လက်သီး တစ်ချက်ထက်
စွမ်းတယ် ဆိုတာသိလို့သာထိုလူတွေ ငြိမ်နေကြတာခဏနေတော့ စကားတွေအစီစဉ်မကျ
ဖြစ်ကာရုန်းရင်းဆန်ခက်တွေ ဖြစ်ကုန်သည်။
သူ့လက်ထဲက သေနပ်ကို ဆွဲယူတော့
ထိုလူငယ်လေးက ေသနပ်ကို နောက်သို့
ဖွက်လိုက်ပြီး ထိုလူရဲ့နဖူးကို ဒူးနဲ့ တိုက်ပေး
လိုက်တယ်။အားလုံး ကန်ကြောက်နေတဲ့ အခြေအနေ မှာ
" ခင်ဗျားတို့ ရပ်လိုက်ကြ ကျွန်တော်
ရဲခေါ်ထားပြီ ကောင်လေးကို လွှတ်လိုက်!! "အားလုံးက အသံလာရာကို ကြည့်လိုက်တော့
ပိန်ပိန်ပါးပါးနဲ့ ကောင်လေးတစ်ယောက်၊ ခဲရောင်
စက်ဘီးလေးကို တွန်းရင်း လက်ကိုင်မှာလည်း
ကြောင် လှောင်အိမ်လေးတစ်ခုကို ချိတ်ထားသည်။လက်သီးနဲ့ ထိုးလိုက်ရင်တစ်ချက်စာ လောက်ပဲ
ရှိတဲ့ ကောင်လေးက သူ့ကို ကယ်နေပါသတဲ့။
ပြီးတော့ စိုးရိမ်နေတဲ့ မျက်လုံးတောက်တောက်တွေအမှောင်ရိပ်ထဲမှာကြောင့်ကောင်းကောင်း
မမြင်ရပေမယ့် ကောင်လေးရဲ့ပုံစံလေးက
ထူးခြားတယ်။ ပြီးတော့ သူများကို ကူညီ
ချင်စိတ်က ဘာလို့ဒီလောက်တောင်
များနေရတာလဲ။ဒီမြို့မှာက ဒီလို ဒုစရိုက်ဖြစ်နေတာတွေက
မထူးဆန်းတော့ အားလုံးကမသိချင်ယောင်
ဆောင်သွားတာချည်းပဲလေ။
ဒါပေမယ့် ဒီကောင်လေးကဘယ်က သတ္တိ
တွေရပြီး မကြောက် မရွံ့နဲ့ အော်နေရတာလဲ။ခဏနေတော့ ရဲကားသံတွေ ကြားရကာ
ထိုလူတွေက နှစ်ယောက်လုံးကိုမကျေနပ်ချက်
တွေနဲ့ ကြည့်ကာထွက်ပြေးသွားကြတယ်။
သူကတော့ ဗိုက်ကို အထိုးခံထားရတဲ့
ပုံသရုပ်ဆောင်ကာမြေပြင်ပေါ် ထိုင်ချလိုက်တယ်
သေနပ်ကိုတော့ အောက်ကရေဆိုးမြောင်း
အပေါက်ကနေ ပြစ်ချလိုက်တယ်။