ရိပေါ်ဟာ အချိန်ပိုင်းအလုပ်တွေ အများကြီး
လုပ်ခဲ့တယ်။ ကောကို သူ့တစ်ယောက်စာ
အတွက် မပင်ပန်းစေချင်သလိုသူ့ကို
ကလေးတစ်ယောက်အပြင် လူကြီး လေး
တစ်ယောက်လို့ကို မြင်စေချင်တယ်။ရိပေါ်ဟာ ကျန့်ကောနဲ့မနက်အတူတူ ဆိုင်ကို
သွားတယ်။ ကျန့်ကောကို ဆိုင်မှာ ထားခဲ့ကာ
သူကတော့ စက်ဘီးခဲရောင်လေးနဲ့ အချိန်ပိုင်း
အလုပ်တွေဆီကိုပြေးရတယ်။ညနေ အလုပ်ပြီးရင်တော့ကောကို ဝင်ခေါ်ကာ
အိမ်တူတူ ပြန်တတ်တယ်။မှောင်တဲ့ အထိ
အလုပ်လုပ်ရတဲ့ သူ့ကို ကောကစိတ်ရှည်လက်ရှည်နဲ့
စောင့်ပေးတယ်။သူ့က အဲ့လိုစောင့်ပေးတဲ့ကောကို အချိန်ပိုင်း
အလုပ်ဆီကပေါင်မုန့် ပူပူလေးတွေဝယ်လာ
ပေးတတ်တယ်။ ပြီးတော့ ကျင်းကော်ကို
ခေါ်ကာ အိမ်ပြန်တယ်။သူက ရသမျှ လစာတွေမှန်သမျှ ကောကို
အပ်တယ်။ သူမှ သုံးစရာမလိုပဲလေ။
ကောက သူ့အတွက် လိုအပ်တာတွေ
ပြန်စီစဉ်ပေးတယ်။သူတို့နှစ်ယောက်က တွေးကြည့်ရင်
အခုအခြေအနေကလင်မယားတွေနဲ့တောင်
တူနေပြီဖြစ်သည်။ကောကတော့ သူပင်ပန်းမှာ
စိုးရိမ်လို့ အလုပ်လျော့လုပ်ဖို့ ပြောရှာတယ်။နှစ်ယောက်လုံး အလုပ်နားရက်တွေဆို
ကျန့်ကောရဲ့ယုန်အိမ်လေးထဲက မထွက်
ဖြစ်ကြဘူး။ ကျန့်ကောက ပန်းချီဆွဲတယ်။
သူက ဘေးကနေ ဆေးစပ်ပေးရင်ပေး
မပေးရင် ကျန့်ကောကို ရစ်နေတတ်တယ်။
အဲ့လို ရစ်တိုင်းလည်း ကောကပြုံးပြုံးနဲ့
ရိပေါ့်ကို အပြစ်မတင်တတ်ပဲ
သဘောကျနေတတ်တယ်။ညနေပိုင်းရောက်ရင် သူတို့ ကျင်းကော်ကို
ခေါ်ကာ ရေကန်ဘေး လမ်းလျှောက် ထွက်ကြတယ်။
ကျန့်ကောက အမောခံလို့မရဘူး။ နောက်မှ
အပြေးလေ့ကျင့်ခိုင်းကာသက်လုံ ကောင်းအောင်
လုပ်ပေးရမယ်လို့ ရိပေါ် တွေးထားလိုက်တယ်။အခုတော့ ပုဇွန်ဆီရောင် နေရောင်အောက်က
ကောအပြုံးတွေကို ငေးနေမိတယ်။ ကောက
အကြောင်းမရှိဘဲ ရိပေါ့်ကို ရီရီပြတတ်တယ်။နောက်ဆိုပြောထားရမယ်သူ့ကို ရီပြချင်ပြပါ
တခြားဘယ်သူ့ကိုမှ မရီပြဖို့ကိုပေါ့။
ရိပေါ်က အူတိုတတ်တယ်