3 Final

2.1K 266 64
                                    

" လူနာက AVR ( Aortic
Valve Regurgitation )
လို့ ပြောရမယ် Aortic Valve
( aorta မှာ ရှိတဲ့ အဆို့ရှင်)
က မလုံတဲ့အခါ သွေးတွေ ခန္ဓာကိုယ် အနှံ့
ပို့ရမယ့် Aorta ထဲ မရောက်ပဲ
နှလုံးထဲကို ပြန်ပြန်ဝင်လာတာပါ။

ဒါကြောင့် နှလုံးက တဖြည်းဖြည်း
ကြီးလာပြီး မောဟိုက်တာတွေ
ရင်ဘက်အောင့်တာတွေ ဖြစ်လာတယ်။

အခု လူနာက ရုတ်တရက်
အရမ်းလှုပ်ရှားလိုက်ရတော့
ခန္ဓာကိုယ်ကို သွေးကောင်းကောင်း
မပို့နိုင်တော့သလို နှလုံးဆီလည်း
သွေးမပို့နိုင်ပဲ Heart attack
ရသွားတာပါ။
နှလုံးကလည်း အနည်းငယ် ကြီးလာတယ်။

ဒီလို ရောဂါမျိုးက Aortic
Valve အစားထိုး ကုသမှပဲ
သက်သာ ပျောက်ကင်းလိမ့်မယ်
ဆေးသောက်ရုံနဲ့ မရပါဘူး "

" ခွဲစိတ်ကုသပြီး အောင်နိုင်ချေ
က ဘယ်လောက် Percent လဲ ဆရာ "

" 94% ပါ အောင်နိုင်ချေအများကြီးပါ
လူနာအတွက်က ဘာမှ စိတ်မပူပါနဲ့ "

( တစ်ခုလေး ရှင်းပြချင်ပါတယ်
Valves လဲမယ်ဆိုရင် Valves က
နှစ်မျိုးရှိပါတယ်။ သတ္တုနဲ့ လုပ်
ထားတဲ့ Valves တိရစ်ဆာန်အသား
ကနေလုပ်ထားတဲ့ Valves ရယ်ရှိပါတယ်
သူမှာ ခံနိုင်တဲ့ သက်တမ်းတွေလည်း
ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့
သတ္တုနဲ့ လုပ်ထားတဲ့ Valves ကိုပဲ
သုံးကြတာ များပါတယ်။
ကျယ်ကျယ်ပြန့်ပြန့် သိချင်တယ်ဆို
ဂလူးဂလူးမှာ ရှာဖတ်ပေးကြပါနော်>< )



ရိပေါ် အခန်းရှေ့ကခုံတန်းတွေပေါ်
ထိုင်ချလိုက်မိတယ်။ ပါးကတော့ မျက်ရည်တွေ
ပိုးပိုးပေါက်ပေါက်ကျလို့နေသည်။

တော်သေးတာပေါ့ ရောဂါက ကုသလို့ရတဲ့
ရောဂါ ဖြစ်နေလို့ မဟုတ်ရင်.... မဟုတ်ရင်
သူ ဘယ်လို လုပ်ရမလဲ တွေးတောင် မတွေးရဲခဲ့ဘူး

နောက်တစ်ခု ခွဲစိတ်ကုသစရိတ် နှလုံးခွဲစိတ်မှုက
အကုန် အကျများဆုံးပဲ။ ရိပေါ် ဘယ်လို လုပ်ရမလဲ။
သူအချိန်ပိုင်းလုပ်ပြီး ကောကို အပ်ခဲ့တာလည်း
ဘယ်လောက်မှ ရှိသေးတာမဟုတ်ဘူး။

ကောနဲ့ သူနှစ်ယောက်ပေါင်းရင်တောင်
ပိုက်ဆံက မပြည့်နိုင်ဘူး။

နောက်တော့ ..... သူ
ဆုံးဖြတ်ချက်အခိုင်အမာ ချလိုက်တယ်
ကောလောက် ဘာမှ အရေးကြီးတာ မဟုတ်ဘူး
အရာအားလုံးကို ခဝါချလိုက်လို့ရတယ်။

Best days of my youth ( Completed) Donde viven las historias. Descúbrelo ahora