လေပွေထွေးမယ့်တောင်ငယ်

10.5K 776 11
                                    

ဦး ထိုလူ့ဖိူ့ မနက်စာပြင်ထားပေးခဲ့ကာ ကျောင်းသို့ထွက်လာခဲ့တယ်။ကျောင်းသွားရင်း အိမ်ရှေ့ကအဖြတ် လှမ်းကြည့်လိုက်တော့ မည်သူ့မှမတွေ့ပေ။မေမေက တကယ်စိတ်ဆိုးနေပုံပင်။အရင်ကဆို ကျောင်းကို ကားမဟုတ်လျှင်တောင် မလေးကလိုက်ပို့ပေးသည်။အခုတော့ လမ်းလျှောက်ရကာ ကားတိုးစီးဖိူ့ပင် ပိုက်ဆံမရှိပေ။ ထိုအတွတ်လဲ သူအလုပ်ရှာရအုံးမည်။ ဦး ကျောင်းရှေ့အရောက် ကားကိုမှီကာ ရပ်နေသည့် ဦးသျှံကြောင့် ဘယ်လိုရင်ဆိုင်ရမလဲ တွေးလိုက်မိတယ်။ အမှန်ပြောရလျှင် ဦးသျှံကိုသူ အရမ်းအားနာသည် ။အရမ်းလဲလွမ်းသည်။ ဦး တောင့်တောင့်လေးရပ်နေတုန်း ဦးဆီသို့လှမ်းလာသည့် ဦးသျှံကြောင့် ထွက်ပြေးရမလား တွေးလိုက်မိတယ်။

*ကလေးလေး*

လက္ခတ် သူ့မြင်သည်နှင့် လှည့်ပြေးရန်ပြင်နေသည့် လက်ကလေးကို ဆုပ်ကိုင်လိူက်တယ်။ပိန်သွားလိုက်တာ ကလေးလေးရယ်။ လက္ခတ်အတတ်နိုင်ဆုံးပြုံးကာ ကလေးလေးကို သူ့ဘက်လှည့်စေလိုက်တယ်။

*ကလေးလေး လာ ဆိုင်တခုခုသွားထိုင်ရအောင်နော် ဒီနားကစကားပြောရတာမကောင်းလို့*

*ဟို..ဟို ဦးသျှံ*

*လာပါ *

လက္ခတ် သူ့အားငြင်းချင်နေသည့် ကလေးလေးကို လက်ကိုဆွဲယူကာ ကားဆီသိူ့ အလျင်အမြန်လျှောက်သွားလိုက်တယ်။ပြီးတာနဲ့ အရင်အတိုင်း ကလေးလေးထိုင်ဖို့ကားတံခါးဖွင့်ပေးပြီး ဝင်ထိုင်စေလိုက်သည်။ ကားပေါ်မှာလဲ ဘာစကားမှမပြောပဲ တိတ်နေသည့် ကလေးက သူ့အားအားနာနေဟန်။ လက္ခတ် ကော်ဖီ‌ဆိုင်လေးတွင် ရပ်လိုက်ကာ နှစ်ဦးသား ဆိုင်ထဲဝင်လာလ်ုက်တယ်။

*ထုံးစံအတိုင်းပဲမှာလိုက်မယ်နော် ကလေးလေး*

ကလေးလေးသောက်နေကြအတိုင်းမှာကာ ကိတ်ပါမှာလိုက်သည်။ သူအကုန်မှာပြီးသည်အထိ ခေါင်းမော့မလာသောကလေးလေးကြောင့် ခုံပေါ်တင်ထားတဲ့လက်ကတွေကို ဆုပ်ကိုင်လေတော့ မျက်လုံးလေးပြူးကာ ကြည့်လာလေသည်။

*ဦး..ဦးသျှံ*

*အဆင်ရောပြေရဲ့လား ကလေးလေး ပိန်သွားတာ အရမ်းပဲကွာ *

လေပွေထွေးမယ့်တောင်ငယ်Where stories live. Discover now