လေပွေထွေးမယ့်တောင်ငယ်

8.6K 643 13
                                    

တံတိုင်း ပိတ်ရက်ကို ဦးဆီသို့ ထွက်လာခဲ့လိုက်တယ်။ ဖေဖေကလဲ သူ့လုပ်ရပ်ကို မတားသလို ဦးသာသူတို့ဘက်ပါလာလျှင် ဦးရဲ့အရှိန်အဝါ ဦးရဲ့ပိုင်ဆိုင်မှုတွေနဲ့ သူတို့ကို မည်သူမှကျော်နိုင်မည်မဟုတ်တော့။ တံတိုင်း ခြံထဲသို့ ကားမောင်းဝင်လာလိုက်ပြီး ဆင်ဝင်အောက်ရပ်ကာ ကားပေါ်က ခပ်ကြွကြွလေး ဆင်းလာလိုက်တယ်။ ဦးက သူ့ကို တံခါးမရှိဓားမရှိ ဝင်ထွက်နိုင်သည်ဟု ပြောထားသဖြင့် အိမ်ထဲကိုခေါင်းမော့ကာ ဝင်လာလိုက်တယ်။

*ချစ်စရာကောင်းလိုက်တာ*

ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်ကာ သတင်းစာဖတ်နေသည့် ဦးကသူ့ကိုမမြင်ပေ။ ဦးဆီသိူ့ ခြေသံဖွဖွလေးဖြင့် သွားလိုက်ကာ ဦးဘေးနားရောက်မှ ဝုန်းခနဲထိုက်ချကာ ရယ်ပြလိုက်သည်။

*ဟာ ခလေး တယောက်ထဲလာတာလား မနက်စာရော စားခဲ့ပြီလား*

*အွင်း တစ်ယောက်ထဲ မနက်စာက ဘယ်လိုလုပ်စားရအုံးမလဲ ဦးနဲ့စားချင်လို့*

တံတိုင်း ဦး၏လက်မောင်းတွေအောင်ခိုဝင်ကာ ဦး၏ရင်ဘတ်ကို ခေါင်းလေးဖြင့်ကပ်ထားလိုက်သည်။ ဦးကတော့ သူ့ကိုပြန်လဲမဖတ်သလို ငုံ့တောင်မနမ်း။

*နောက်ကျနေပြီလေ ထ မနက်စာသွားစားမယ်*

ဦးက တံတိုင်းကိုယ်လေးကို လက်မောင်းတွေကကိုင်ကာ ထမင်းစားခန်းထဲထိ ခေါ်သွားလိုက်သည်။ ထမင်းစားခန်းထဲရောက်သည်နှင့် မြင်လိုက်ရတာက ဟိုသားအဖနှစ်ယောက်။

*ဦး မနက်စာစားမလို့လား ဘာပြင်ပေးရမလဲ

တစ်ဦး ထမင်းစားခန်းထဲသို့ ဖက်ပြီးဝင်လာသည့် ဦးတို့ကြောင့် သားကိုမနက်စာကျွေးနေသည်ကို ရပ်ကာ ဝတ်တရားအရမေးလိုက်သည်။ ဦးက ထိုကောင်လေးထိုင်ဖို့ ခုံထုတ်ပေးကာ သူက ဘေးမှာဝင်ထိုင်လေသည်။

*ဘာစားမလဲ ကလေး*

*ကော်ဖီပဲသောက်မယ်လေ *

*အဲ့တာဆ်ု ကော်ဖီနှစ်ခွက်လုပ်ပေး *

တစ်ဦး ကော်ဖီဖျော်ရန် ထလိုက်ပေမယ့် အဒေါ်ကြီးက ဖျော်ပေးမည်လုပ်နေ၍ တားလိုက်ရသည်။ ဦးအတွတ်ဆို အမြဲတမ်း သူပြင်ပေးနေကြပဲ။

လေပွေထွေးမယ့်တောင်ငယ်Hikayelerin yaşadığı yer. Şimdi keşfedin