လေပွေထွေးမယ့်တောင်ငယ်

11.1K 774 17
                                    

တစ်ဦး ရန်ကုန်ကို ပြန်ရောက်တာ တစ်လလောက်ပင်ရှိတော့မည်။ ဦးစိုင်းက နှုတ်ဆက်တော့ မျက်ရည်တွေဝဲနေတာကို မျက်လုံးထဲကမထွက်။သားသားကလဲ ဦးစိုင်းနဲ့အနေကြာနေတော့ ငိုတာအသည်းအသန်ပင်။အခုမှသာ နည်းနည်းအဆင်ပြေသွားသလို ဦးကိုလဲ ဒက်ဒီလို့ခေါ်တော့သည်။ မေမေတိူ့ဆို သားသားကိူသဲသဲလှုပ်။မကြီးတို့မလေးတိူ့ဆို တနေကုန်ခေါ်ထားပြီး အိမ်ကိုတောင်ပြန်မပေးချင်။သူကလဲ သူ့သားကို လက်ထဲကမချအောင်ချစ်၍ မကြီးတို့မလေးတို့နဲ့ ခနခနရန်ဖြစ်သည်။

*Baby သားသားရော *

*အရှေ့ဘက်ခြံမှာပေါ့ စောနက မကြီးလာခေါ်သွားတာ*

*မကြီးကလဲ ကိုယ်မပြောချင်ဘူး သူလိုချင် သူကလေးမွေးထားပေါ့*

*ဦးကလဲ*

ဆိုဖာပေါ်ထိုင်နေသည့် တစ်ဦးနားကို လာထိုင်ကာ ပုခုံးကနေဆွဲဖက်လိုပ်၍ လူကသူ့ရင်ခွင်ထဲယိုင်ခနဲ။ ဦးလက်လေးကိုဆွဲယူပြီး သူ့လက်တွေနဲ့ဖိညှစ်နေလေသည်။နှုတ်ခမ်းကလဲ နားရွက်ဖျားတွေ ဆံပင်တွေထဲကိုနမ်းနေ၍ အသဲတယားယား။ ပါးပြင်ကို လာနမ်းတော့ ကိုယ်လေးက ကျုံ့သွားလေသည်။

*ဘာလို့လဲ Baby *

*ဟို..ဟို ဦးနှုတ်ခမ်းက နှုတ်ခမ်းမွှေးကစူးတယ် *

*ကိုယ်နောက်နေ့ကျရိတ်မယ်နော် ကိုယ်အခုနမ်းလို့မဝသေးဘူး*

*ဦး !*

ရင်ဘတ်ကို လက်နဲ့တွန်းနေပေမယ့် အားမပါ၍ ဦးကရှေ့ဆက်တိုးကာ နှုတ်ခမ်းတွေကိုစားသုံးလေသည်။ နှုတ်ခမ်းတွေကိုနမ်းနေရင်းကနေ အားမရစွာ ဦးကိုယ်လေးကို ခါးက‌ေနမကာ သူ့ပေါင်ပေါ်တင်ကာ နမ်းနေလေသည်။

*ဖေဖေ့!!*

သားသားအသံကိုကြား၍ သူ့ကိုယ်လုံးကြီးကိုတွန်းပေမယ့် မဖယ်ပေးပဲ အတင်းစုပ်ယူနမ်းနေသောကြောင့် လက်တွေဖြင့် ထုရိုက်မှသာ သူ့ပေါင်ပေါ်ကချပေးလေသည်။

*ဖေဖေ့*

*လာပါအုံး ဖေဖေ့သားလေး *

သားသားက လုံးလုံးလုံးလုံးဖြင့်ပြေးလာကာ သူ့ဖေဖေရင်ခွင်ထဲတန်းပြေဝင်လေသည်။နက္ခတ် တံခါးနားက မကြီးကို လှမ်းကြည့်ကာ

လေပွေထွေးမယ့်တောင်ငယ်Kde žijí příběhy. Začni objevovat