လေပွေထွေးမယ့်တောင်ငယ်

21.5K 798 23
                                    

နက္ခတ် ဆေးရုံကနေ ဆင်းကာ အစည်းအဝေးရှိရာသို့ ထွက်လာခဲ့လိုက်သည်။ ဟိုတနေ့က တံတိုင်းက သူ့ဆီလာ၍ စာချုပ်တစ်ခုအပေါ်လက်မှတ်ထိုးခိုင်းလေသည်။ နက္ခတ် ဒီနေ့မှ ထိုးပေးမည်ဟုဆိုထားသဖြင့် အလုပ်သို့လာခဲ့ခြင်းပင်။

*MDလာပြီ*

တစ်ခန်းလုံး သူဝင်လာသည်နှင့် အသံတိတ်ဆိတ်ကုန်လေသည်။ ဒီပရောဂျက်က သူတို့အတွတ် အကျိုးအမြတ်များစွာရှိလေသည်။

*ဒီပရောဂျက်မှာ မြေကွက်ပိုင်ဆိုင်ထားသည့်လူက ရှယ်ယာအမြတ်ပေါင်းများစွာကို ရရှိမှာဖြစ်ပြီး ကျန်တဲ့ရှယ်ယာရှင်ျတွကတော့ ဆယ်ပုံတစ်ပုံရမှာပါ။ ဆယ်ပုံတစ်ပုံပေမယ့် တစ်ပုံစာက ကုမ္ပဏီတစ်ခု ကောင်းကောင်းထောင်လို့ရပါတယ် ။အခု မြေကွက်က MDဆီမှာဆိုတော့ MDကရှယ်ယာများစွာကို ရရှိမှာပါ*

နက္ခတ် အတွင်းရေးမှူး ပြောပြပြီးသည်နှင့် ရှယ်ယာရှင်တွေ တိုးတိုးတိုးတိုးဖြင့် အချင်းချင်း ပြောကုန်ကြလေသည်။ တံတိုင်းမှူးကတော့ နက္ခတ်ကို ခပ်ပြုံးပြုံးသာ ကြည့်နေလေသည်။

*အဲ့တာတွေ မလုပ်ခင် ကျနော် တစ်ခုပြစရာရှိပါသေးတယ်*

ဖန်သားပြင်ပေါ် ပေါ်လာသည်က တံတိုင်းတို့ သားအဖနှစ်ယောက်ပင်။နက္ခတ် သူတို့ဘက်လှည့်ကြည့်လိုက်တော့ မျက်နှာတွေမဲနေလေပြီ။

*တံတိုင်းမှူး မင်းသူ့ဆီက စာချုပ်ကို ရအောင်မလုပ်နိုင်သေးဘူးလား သူသတိမရခင် လုပ်ရမှာကွ သတိပြန်ရလာရင် ငါတို့ခွေးဖြစ်ပြီ မင်းနဲ့သူနဲ့ ဘာမှ ပတ်သတ်မှုမရှိမှန်းလဲ သိသွားမှာကွ*

*ဟုတ်ကဲ့ပါ ဖေဖေ ကျနော်ကြိုးစားပါ့မယ် တစ်ဦးမိုက်ကိုလဲ ဦးနားကရအောင်ဖယ်ထုတ်ပစ်မှာပါ*

*အေး ကောင်းတယ်*

ဖန်သားပြင်ပေါ်က ပိတ်သွားသည်နှင့် အကုန်လုံးပွက်ဆူပွက်ဆူဖြစ်သွားသလို တံတိုင်း၏အဖေကလဲ မတ်တပ်ရပ်ပာ တံတိုင်းမှူးမျက်နှာကလဲ ရစရာမရှိအောင်ပျက်နေလေပြီ။

*မင်း မင်း ဒါတွေဘယ်ကရတာလဲ"

*ကျနော့်ဘေး ရောက်လာတဲ့လူတွေကို ကျနော်က အစောင့်မထားထားပဲ ပြောသမျှယုံမယ်ထင်နေခဲ့တာလား? ခင်များတို့အိမ်မှာ ခန့်ထားတဲ့ အလုပ်သမားတွေရဲ့ ငါးပုံသုံးပုံက ကျနော့်လူတွေပဲ။ ခင်များတိူ့သားဖနှစ်ယောက်ကို ငွေကြေးလိမ်လည်မှုနဲ့ တရားစွဲထားသလို ကျနော့်ရဲ့လုပ်ကြံမှုရဲ့ အလိုတူ အလိုပါတွေအဖြစ် အမှုဖွင့်ထားပြီးပြီ။ သွားလိုက်ကြတော့*

လေပွေထွေးမယ့်တောင်ငယ်Where stories live. Discover now