လေပွေထွေးမယ့်တောင်ငယ်

9.4K 778 24
                                    

လေပွေထွေးမယ့်တောင်ငယ် အပိုင်း(၉)

နက္ခတ် အရှေ့ခြံရှေ့က မဖြစ်ချင်ပဲ ဖြတ်ရအုံးမယ် အမှန်ဆို သူထိုမိသားစုနဲ့ လုံးဝမပတ်သတ်ချင်ပါ သူတို့နဲ့ပတ်သတ်တာတွေလဲ ပြန်မပြောချင် ဟိုချာတိတ်တောင် သူဝေးသမျှဝေးအောင်နေနေတာ ဒီနေ့ဆိာ မတွေ့တာ တစ်ပတ်ပင်ပြည့်တော့မည်

*မဖြတ်ချင်လဲဖြတ်ရအုံးမယ် သောက်ဘဝတွေများ*

နက္ခတ် သူ့ဘဝသူမကျေနပ်ကာ ဆဲလိုက်ရင်း ခြံတံခါးကိုပိတ်လိုက်ပြီး ထွက်လာလိုက်သည် နက္ခတ် အပေါ်ကဝတ်ထားသည့် လက်ရှည်အကွက်ကို လက်ခေါက်တင်လိုက်ရင်း အောက်ငုံ့ကာ လျှောက်နေလိုက်တယ်

*န..နက္ခတ်..လာ..လာပါအုံး..မြွေကြီး..မြွေကြီး*

နက္ခတ် လှည့်ကြည့်လိုက်တော့ သူ့အားအသဲအသန်အော်ခေါ်နေသည့် တစ်ဦး၏အမငယ် ထားမြင့်မိုရ် နက္ခတ် သူ့ဘာသာဘာဖြစ်နေနေ ကျော်သွားမလို့လုပ်နေပေမယ့် ခြံထဲကနေ အတင်းအော်နေကာ အကူအညီတောင်းနေသည့် သူမကြောင့် အထဲဝင်လာခဲ့လိုက်သည်

*န..နက္ခတ်..တုတ်ပါကောက်ခဲ့..မြွေကအရမ်းကြီးတယ် ဟင့်!!

နက္ခတ် တိတ်တိတ်လေးခြေဖွကာ လျှောက်လာရင်း သုမနောက်ကနေပြီး ခါးကိုထိန်းကိုင်ထားကာ လက်ကတုတ်ကိုလဲ တင်းနေအောင်ကိုင်ထားလိုက်သည် မြွေက ဘာမြွေမှန်းတော့မသိ ပါးပျဉ်းထောင်ကာ ကြည့်နေလေသည်

*ရွှီး !!!

မြွေက လှမ်းပေါက်လိုက်သည်နှင့် သူမကိုယ်ကို ဘေးကိုထိန်းတွန်းလှဲလိုက်ပြီး သူကတော့ မြွေအား တုတ်အရှည်ဖြင့်ခေါင်းအားမိမိရရ ရိုက်လိုက်သည် မြွေ၏ချက်ကောင်းကိုထိသွားပုံပင် နှစ်ချက်လောက်နှင့်သေသွားလေသည် နက္ခတ် တုတ်ကိုချကာ ထွက်သွားဖို့ပြင်ပေမယ့် ခေါ်သံကြောင့်ခြေလှမ်းရပ်လိုပ်သည်

*နက္ခတ် ငါ့..ငါ့ကိုထူပါအုံး ငါ့ ခြေ..ခြေထောက်အရမ်းနာတယ်*

နက္ခတ် မျက်နှာကိုအရင်ကထက်ပိုတင်းလိုက်ကာ သူမကိုလက်ကဆွဲခေါ်ပေမယ့် အောက်ကမြက်ခင်းပြင်က ချော်နေသည့်အတွတ်ကြောင့် သူမအပေါ်ထပ်ကျသွားလေသည်

လေပွေထွေးမယ့်တောင်ငယ်Donde viven las historias. Descúbrelo ahora