နွေးနေတာပဲ .........
အိပ်လို့ကောင်းလိုက်တာ။ ငါဘယ်မှာ အိပ်နေတာပ်လိမ့်။ မျက်လုံးဖွင့်ပြီးတော့ ကြည့်လိုက်တော့ Lavender နံ့မွှေးနေတဲ့ ရင်ခွင်ထဲမှာရောက်နေတာပဲ ။ သြော် CEO ပဲ ဆက်အိပ်ဦးမယ်။
ဟမ် !!!! CEO ..............."အားးးးးး ......... "
ရုတ်တရက်လန့်ပြီးတွန်းလိုက်မိတော့
"အား လားလား သေပါပြီ အတွင်းရေးမှူးJeon ဘာလို့ ကန်ချတာလဲ ??? "
"CEO ကဘယ်လိုလုပ် ဒီပေါ်ရောက်နေတာလဲ ??"
"Jeon Wonwoo ခင်ဗျာ တစ်ချက်လောက်မေးပါရစေ ဒါဘယ်သူ့အိပ်ရာလဲ ?? "
Jeon Wonwoo တဲ့ ပထမဆုံးသူခေါ်တာကြားဖူးတာပဲ .........
နေပါဦး ငါက ဘယ်လိုလုပ် သူ့ကုတင်ပေါ်ရောက်နေတာလဲ ပြီးတော့ ဘာလို့ သူ့ရင်ခွင်ထဲရောက်နေတာလဲ ?? မနေ့ညကငါအတော်မူးသွားတာပဲ။ ဘာတွေ လုပ်မိသေးလဲ
ရှက်လိုက်တာ ........."ဟော ကြည့်ငုတ်တုတ်ကြီး မေ့သွားတာလား ?? "
"တောင်းပန်ပါတယ် CEO ...... မနေ့ညက အတော် မူးသွားတယ် ။ ဘာတွေ ... ဘာတွေ လုပ်မိသေးလဲဟင် "
မျက်နှာတွေလဲပူလွန်းတယ်။ CEO မျက်နှာလဲမကြည့်ရဲဘူး ...
"သိပ်မဆိုးပါဘူး ...... အင်း ...... အစကတော့ ငြိမ်ငြိမ်လေးပဲ Hotel ရောက်မှ ကလေးဖြစ်သွားတာ "
"CEO ......... "
"ဟုတ်တယ်လေ ကလေးလေးထက်ဆိုးသေးတယ် "
Flash back last night
"ဒါဆို ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ် "
"ဟုတ်ကဲ့ Mr. Kim "
Japan အဖွဲ့ကိုနှုတ်ဆက်ပြီး အမူးသမားလေးကိုခေါ်ပြီးထွက်လာခဲ့တယ် ။ တစ်ယောက်တည်း ဘာတွေ သဘောတွေကျပြီး ပြုံးနေလဲမသိဘူး။ အံမယ် …… နှာခေါင်းလေးရှုံ့ပြီး အားရပါးရရယ်နေသေးတာ
"အတွင်းရေးမှူး Jeon လာ ကားပေါ်တတ်"
"ဟုတ် ……… ကဲ့ "
ကားပေးပေါ်မှာလဲ သီချင်းလေးတညည်းညည်းနဲ့ တစ်ခါမှဒီလိုပုံစံမမြင်ဖူးဘူး။ ဆိုနေတာလဲကြည့်လိုက်ဦး ballad song တွေ ကိုသူ့ဘာသာတငြိမ့်ငြိမ့်နဲ့ …… Taxi သမားတောင်နားမလည်ပဲ သဘောတွေကျနေတာ
ဟော…… ရပ်သွားပြီ မောသွားပြီထင်တယ်။ ခေါင်းလေးက ပခုံးပေါ်စောင်းကျလာလို့ အသာအယာပဲ ပခုံးပေါ်တင်ထားမိတယ်။
YOU ARE READING
His Secretary [ Completed]
Fiksi PenggemarKim Group ရဲ့ CEO Kim Mingyu နဲ့ Secretary Jeon....... Kim Group ရဲ့ CEO Kim Mingyu နဲ့ Secretary Jeon .........