တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ နွေးနွေးထွေးထွေး ပွေ့ဖက်ခံထားရတဲ့ ခံစားချက်က ရင်ခုန်စိတ်လှုပ်ရှားတာထက် လုံခြုံတဲ့ခံစားချက် တစ်ခု ……
ကျွန်တော့်ဘဝမှာ မိဘရင်ခွင်ကပေးတဲ့ နွေးထွေးမှုလိုမျိုး ခံစားမှုထပ်ပေးနိုင်တာ ဒီတစ်ခါပဲရှိပါသေးတယ်။ ဖက်ထားတဲ့လူသားကတစ်ခြားသူမဟုတ်တဲ့ နှစ်ယောက်မရှိတဲ့ CEO Kim ပါပဲ။
ကျွန်တော် ဒီခံစားချက်ကိုသဘောကျတယ်။ နွေးထွေးတယ် လုံခြုံတယ် ။ ကျွန်တော်ချစ်မိလား မသေချာသေးပေမဲ့ CEO Kim နဲ့အတူတူရှိနေချိန်တွေက တကယ်ကို သက်တောင့်သက်သာဖြစ်တယ်။
ကျွန်တော် စိတ်ပင်ပန်းလာရင် ပထမဆုံး မြင်ယောင်မိတာက သူဖြစ်နေတယ်။
ကျွန်တော်ပျော်ရွှင်ရင်ပထမဆုံး သတိရမိတာသူပဲဖြစ်နေတယ်။
ကျွန်တော် တစ်ယောက်ထဲ အထီးကျန်နေတယ်လို့ ခံစားရရင် သူ့ကိုတွေ့ချင်လာတယ်။ဒါက အချစ်လား ………???
ဒါပေမဲ့ မတွေ့မနေနိုင် အရူးအမှုးဖြစ်မိလား??
နေ့စဉ်နီးပါးတွေ့နေရတော့ ကျွန်တော် ဒီမေးခွန်းကိုမဖြေနိုင်သေးပါဘူး။
အဆုံးအရှုံးမခံနိုင်လောက်အောင်ဖြစ်မိလား??
သူကျွန်တော့်ကို သိပ်ချစ်တာသိနေတော့ ဆုံးရှုံးရမယ် ဆိုတဲ့ ခံစားချက်မရှိသေးလို့ ကျွန်တော်ဒီမေးခွန်းကိုလဲကျော်လို့ရတယ်မဟုတ်လား
မသေချာတဲ့ခံစားချက်တွေနဲ့ ဆိုပေမဲ့ CEO ကကျွန်တော့ အတွင်းစိတ်တစ်နေရာမှာ နေရာယူစပြုနေတယ်ဆိုတာတော့ ခံစားမိတယ်။
မသေချာတဲ့ခံစားချက်တွေနဲ့ ချစ်တယ်လို့ပြောရင် ခင်ဗျားတို့ ကျွန်တော့်ကို အပြစ်တင်ချင် တင်ကြလိမ့်မယ်။
ဒါပေမဲ့အချစ်ဆိုတာက ခံစားချက်အတိအကျ ဖွဲ့နွဲ့လို့ရတဲ့အရာမဟုတ်ဘူးဗျ ။ အတင်းကြီး ဒီလူမရှိရင်သေရပါတော့မယ် အော်နေမှ အချစ်မဟုတ်ဘူး ။ အခြေအနေ အချိန်အခါ ကအလိုလို ဆုံးဖြတ်ပေးတာ အဲ့လိုအချိန်တွေ ကြုံတွေ့မှ ပြောပြနိုင်တဲ့အရာ
အဲ့ဒီတော့ CEO Kim က ကျွန်တော့်ဘေးနားမှာအလုံခြုံဆုံး အနွေးထွေးဆုံး ရင်ခွင်တစ်ခုဖြစ်ေိတယ်။ စိတ်လှုပ်ရှားရင်ခုန်မှု လဲပေးနိုင်တယ်။ ကျွန်တော် ကဒါတွေကိုစုပေါင်းပြီး အချစ်လို့ခေါင်းစဉ်တပ်လိုက်မိပြီထင်တယ်။
YOU ARE READING
His Secretary [ Completed]
FanfictionKim Group ရဲ့ CEO Kim Mingyu နဲ့ Secretary Jeon....... Kim Group ရဲ့ CEO Kim Mingyu နဲ့ Secretary Jeon .........