"မင်း အဲ့လိုပြောချင်ရာပြောပြီး ကိုယ့်ဆီကနေ ထွက်ပြေးလို့ရလား "
နောက်ကနေလိုက်လာပြီး ရင်ခွင်ထဲ ဆွဲသွင်းခံလိုက်ရတယ်။ ဘာတွေလဲ ?
"Joshu…… ''
စကားသံတောင်မဆုံးလိုက်သေးဘူး နှုတ်ခမ်းပေါ်ကိုရောက်လာတဲ့ အနမ်းတစ်ခု။ ဒိန်းခနဲ ပေါက်ကွဲမတတ်ပဲ ပြန်တုံ့ပြန်ဖို့တောင်မသိနိုင်လောက်အောင်မေ့လျော့နေမိတယ်။ အသိဝင်လာတဲ့ တွန်းလွှတ်ပေမဲ့ သူ့ရင်ခွင်ထဲမှာပဲ ရှိနေဆဲပဲ
"Joshua မင်း ဒါဘာလုပ်တာလဲ ? "
"နမ်းတာလေ "
"မင်း နမ်းချင်တိုင်း နမ်းရအောင် ငါအပေါစားမဆန်ဘူး"
"ဘယ်သူကအဲ့လိုပြောနေလို့လဲ ?? "
"မင်းမှာ … မင်းမှာချစ်သူရှိတယ်လေ … "
"Hello ကိုကို Jeonghan "
ရုတ်တရက်ထွက်လာတဲ့ Stella ကြောင့် ဘာပြောရမလဲမသိ ဖြစ်သွားတယ် ။
"အံ့သြမသွားပါနဲ့ Stella က ကိုကို Joshua ရဲ့ ညီမဝမ်းကွဲပါ ဟိဟိ "
"ဘယ်လို ဘယ်လို ??? Hong Jisoo ဒါဘာတွေလဲ ??? "
"ကဲ ကိုကို Joshua ရေ အစအဆုံးရှင်းပြပါဦး "
အမျိုးအမည်မသိတဲ့ပျော်ရွှင်မှုကို ခံစားရပေမဲ့ စိတ်တိုနေတုန်းပဲ
"ဒီလိုလေ မင်းကို ငါချစ်နေတာ ကြာခဲ့ပြီ ဘေးကလူတွေလဲသိတယ် အများစုက တွဲနေတယ်ထင်တဲ့အထိပဲ ဒါပေမဲ့ မင်းကသူငယ်ချင်းတွေပါချည်းပဲအမြဲပြောတယ် ငါသာဖွင့်ပြောရင်လဲ မင်းသေချာပေါက်ငြင်းမှာပဲ … အဲ့ဒီတော့ Stella အလည်ရောက်နေတုန်း ဇာတ်လမ်းလေးတစ်ပုဒ်က လိုက်တာ "
"ဒါ … ဒါပေမဲ့ နမ်း … နမ်းတာက "
"ဒါကအမြင်မှားအောင် တမင်လုပ်လိုက်တာ နမ်းစရာလား ကိုယ့်ညီမကို"
"Stella ကလဲ မနမ်းချင်ပါဘူးနော် သူငယ်လေးတွေငမ်းချင်နေတာတောင် RS အယောင်ဆောင်နေရတာ အရမ်းစိတ်ညစ်တာပဲ "
"အခု လွတ်လွတ်လပ်လပ် ငမ်းတော့ ညီမလေးရေ Yoon Jeonghan က ငါ့လူဆိုတာ တစ်လောကလုံးကို ရဲ့ရဲ့ဝံ့ဝံ့ကြေငြာလို့ရပြီ "
YOU ARE READING
His Secretary [ Completed]
FanfictionKim Group ရဲ့ CEO Kim Mingyu နဲ့ Secretary Jeon....... Kim Group ရဲ့ CEO Kim Mingyu နဲ့ Secretary Jeon .........