ချစ်သူဖြစ်ကာစ နေ့ရက်ပူပူနွေးနွေးလေးတွေကို အလုပ်ရှုပ်ခြင်းနဲ့ဖြတ်သန်းနေရတယ်ဆိုပေမဲ့ မျက်နှာလေး မြင်နေရတာကလဲ ပျော်ရွှင်မှုရနိုင်တဲ့ အားအင်တစ်ခုပဲ……
"CEO အချိန်ရလား အခု appointment တော့မရှိသေးဘူး Jihoon က song demo ရပြီတဲ့ နားထောင်ကြည့်ဖို့ အဆင်ပြေမလား "
"အင်း Hyung ရတယ်လေ "
"ဒါဆို လာခိုင်းလိုက်တော့မယ်နော် "
"Studio ကိုပဲသွားရအောင်လေ Trainee တွေပါတစ်ခါထဲ သွားခိုင်းလိုက်မယ်။ "
"Ok ဒါဆို ဖုန်းဆက်အကြောင်းကြား ခိုင်းလိုက်မယ်နော် "
"Hyung "
"အင်း ဘာလဲ CEO "
ထွက်မသွားသေးပဲကြည့်နေတဲ့ Wonwoo ကိုကျော်ပြီး အခန်းတံခါးဆီသွားပြီး lock ချထားလိုက်တော့ မျက်လုံးပြူးသွားတာလေး …
စချင်လာမိတယ်။"Min … Mingyu ဘာလို့ lockချတာလဲ ?? "
"ဘာလုပ်မယ်လို့ Hyung ထင်လဲ ?? "
"မသိ … မသိဘူးလေ …… "
"ကိုယ်က energy လိုအပ်နေလို့ "
ပြောပြီးရင်ခွင်ထဲဆွဲထည့်လိုက်တော့ ရှက်နေပြန်ရော … ချစ်သူဖြစ်တာ တစ်ပတ်ကျော်လာပေမဲ့ အခုထိ ရှက်နေတတ်တာ လဲချစ်စရာကောင်းခြင်းတစ်မျိုးပဲ။
ချစ်မိပြီဆိုရင် အရာအားလုံးက ချစ်ဖို့ကောင်းနေတာပဲလား????"ရပြီလေ… တော်တော့ Jihoon စီလဲသွားရဦးမယ်လေ "
"ခနလေးပဲ အားဖြည့်ပါရစေ "
ချစ်တဲ့သူကိုပွေ့ဖက်ထားပြီး သာယာကြည်နူးနေတဲ့ အခိုက်အတံ့လေးကို နှောက်ယှက်လာတဲ့ အသံတစ်ခု
"ဒေါက် ဒေါက် ဒေါက် "
တံခါးခေါက်သံကြောင့် နှစ်ယောက်သားခွါလိုက်မိပြီး Wonwoo က အမြန် တံခါးသွားဖွင့်လိုက်တယ်။
"Mingyu မင်း lock ချပြီး ဘာ ………… Aww Wonwoo လဲရှိနေတာပဲ "
"Hyung ဘာကိစ္စလဲ ??? "
"နေပါဦး မင်းတို့က တံခါး lock ချပြီး ဘာလုပ်နေတာလဲ ?? "
ရုတ်တရက်ဘာပြန်ဖြေရမလဲ မသိ ဖြစ်နေတုန်း
YOU ARE READING
His Secretary [ Completed]
FanfictionKim Group ရဲ့ CEO Kim Mingyu နဲ့ Secretary Jeon....... Kim Group ရဲ့ CEO Kim Mingyu နဲ့ Secretary Jeon .........