မနက်ခင်းတစ်ခုဟာလဲသာသာယာယာလှလှပပရောက်ရှိလာခဲ့ပြန်တယ်။
ချစ်ခြင်းတရားက လှပခြင်းတွေကို ယူဆောင်လာတယ်ဆိုတာ အမှန်ပဲ~~~
နေခြည်ဖြာတဲ့ မနက်ခင်းလေးက လန်းဆန်းမှုတွေကိုဖြစ်ပေါ်စေတာအချစ်ကြောင့်ပဲလား……
သဘာဝအတိုင်းလှပနေတာကိုပဲ မမြင်မိခဲ့တာလား……
ဖုန်းကိုဖွင့်ကြည့်မိတော့Mingyu
Morning ပါချစ်သူ …
ခနနေကိုယ်လာခေါ်မယ်နော် ready လုပ်ထားဝင်လာတဲ့ message လေးတစ်စောင်ဟာလဲကြည်နူးခြင်းတွေကိုသယ်ဆောင်ပေးနိုင်တာပဲလား
မေးခွန်းပေါင်းများစွာကိုမစဉ်းစားမနေတော့ပဲWonwoo
Okay စောင့်နေမယ်စာပြန်ပြီးတာနဲ့ ရုံးသွားဖို့ပြင်ဆင်ရတယ်။ Debut ဖို့သေချာလာတာနဲ့အမျှပြင်ဆင်ရတာတွေများလာခဲ့တယ်။ Kim Group က ဆိုတဲ့သတင်းကြောင့် Trainee တွေအပေါ်မှာလဲ စိတ်ဝင်စားမှုများလာသလို Fan တွေလဲစပြီးရှိလာတာမလို့ အကုန်ပြင်ဆင်ရတော့မယ်။
"Ohh Busy Day Ohhh Busy Day"
ကိုယ့်ဘာသာ သီချင်းလုပ်ညည်းရင်း အလုပ်သွားဖို့ပြင်ဆင်ရတော့တယ်။
နာရီဝက်လောက်နေတော့ တံခါးခေါက်သံကြားတာနဲ့ဖွင့်လိုက်တော့"Baby… "
ဘာမှတောင်ပြန်မပြောရသေးဘူး ချက်ချင်းတန်းဖက်လိုက်တဲ့ Mingyuကြောင့် အလိုက်သင့်လေး ပြန်ဖက်ထားမိတယ်။ ချစ်သူဖြစ်ကာစ မလို့ပဲလား အသားမကျသေးတာကြောင့်ပဲလားမသိ ရင်ခုန်နေဆဲပဲ……
ဘာစကားမှမပြောဖြစ်တဲ့ ဒီအခိုက်အတံ့လေးက တကယ်ငြိမ်းချမ်းတယ်။ ၁၀ မိနစ်လောက်ကြာတော့မှ"Morning Wonwoo "
"Morning Mingyu "
"တစ်ညလုံးလွမ်းနေတာ အိပ်လို့တောင်မပျော်ဘူး ဒီမှာကြည့် ကိုယ့်မျက်လုံးတွေ ပန်ဒါဖြစ်နေပြီ"
ကလေးတစ်ယောက်လို နှုတ်ခမ်းလေးထော်ပြီးပြောနေတဲ့ ပုံစံက တကယ့်ကို နှစ်လိုဖွယ်ကောင်းတယ်။ တကယ်အသဲယားမိတော့ ပါးလေးကိုဖွဖွလေး ဆွဲလိမ်မိလိုက်တယ်။
"အဲ့ဒီတော့ အိပ်ပျော်အောင် ညကျအိပ်ဆေးသောက်အိပ်"
"No No မရဘူး ကိုယ်လိုအပ်နေတာ တစ်ခုပဲရှိတာ "
YOU ARE READING
His Secretary [ Completed]
FanfictionKim Group ရဲ့ CEO Kim Mingyu နဲ့ Secretary Jeon....... Kim Group ရဲ့ CEO Kim Mingyu နဲ့ Secretary Jeon .........