ကမ္ဘာပြိုသော မိုး..
အပိုင်း(၁၄)
ကုန်တိုက်က
အပြန်လမ်းမှာမိုးတွေက စွေနေခဲ့သည်။ဟုတ်သားပဲ ဒီနေ့က မုန်တိုင်းသီတင်း
ကြားထားတော့ မိုးတွေရွှာနိုင်မည်သာ...။April လရဲ့ အရှင်သခင်မလေးလို့
တင်စားရသော ချယ်ရီတွေသည်လမ်းမကြီးတစ်လျှောက်
ပိတ်ခဲလို့နေခဲ့သည်။မိုးစွပ်ထားသောချယ်ရီ ကြွေတွေ
ဖွေးနေသော..လမ်းတစ်လျှောက်တွင်
လမ်းလျှောက်ချင်စိတ်ဖြစ်မိသော်လည်းအခြေနေက အဲ့ဒီလောက်ထိ
မလွယ်ကူနိုင်မှန်းသိလေတော့အပြင်ကိုသာငေးနေရင်း
ထိုဆန္ဒအား လေထဲမျှောပစ်လိုက်မိသည်။သို့ပေမယ့် ကားသည် ရုပ်တရက်
ရပ်သွားကာ.....*ဆင်းးး*
*ဟင်!! ဘာ ဘာကို*
*မမြင်ဘူးလား
ဆေးလိပ်သောက်မလို့ကို
ဆင်း...ဘာလဲကားပေါ်မှာ
သောက်ရမလား**Ar Arnyiii*
*ဟိုအရူး မင်းပါဆင်း*
*အင်း အင်း ဆင်းမယ်
မင်းမင်းးး နော်တို့ချယ်ရီပန်းသွားခူးမေလာ...**အင်း အင်း ခလေး*
နောက်ဘက်ကနေဆင်းကာ
ကိုယ့်ကားဘေးရောက်နေပြီဖြစ်သော
ငယ်လေးလက်ကိုကိုင်ကာ...
ရှေ့ပလတ်ဖောင်းနားက ချယ်ရီပင်ဆီ
သွားမိခဲ့သည်။သူကတော့ ကားဘောနတ်ကိုမှီရင်း
ဆေးလိပ်သောက်နေခဲ့သည်။*မင်းမင်း ခူးပေး*
*ဟင်...ခူးလို့မရဘူး
ခူးရင် ရဲကြီးတွေကဒဏ်ရိုက်မှာ**ဟင့် လိုချင်လို့ပါဆို....*
*လိုချင်ရင်နောက်တစ်ခါ
မင်းမင်းစျေးသွားရင် ပန်းအတုလေးတွေ
ဝယ်ပေးမယ်လေနော်.....
အဲ့တာဆို ခလေးက ခလေးအခန်းထဲ
အကြာကြီးထားလို့ရပြီ။....
အခုတော့ မင်းမင်းတို့လမ်းလျှောက်ရအောင်**အင်းးးး *
ခလေးစိတ်ချမ်းသာအောင်ပြောပေးပြီး
သူလေးပြေးဆော့နေသည်ကို.ခပ်လှမ်းလှမ်း က
ကြည့်နေရင်း အိမ်ပြန်ခဲ့ရတော့သည်။
YOU ARE READING
ကမ္ဘာပြိုသော..မိုး "Completed"
General Fictionတစ်ခါတစ်လေအချစ်ဟာ ကြည့်မရခြင်းနဲ့စကာ မခွဲနိုင်ခြင်းနဲ့ဆုံးလေသတည်း။