episode (19)

8K 956 85
                                    

ဟိုင်းဝေး လမ်းမပေါ်က
အရေးပေါ် ကားသံ!!!!!

မီးတွေထိန်းလင်းနေသော
အရေးပေါ်ကားထဲမှ လူနာတင်ခုံတွင်
သွေးများနှင့်မေ့မြောနေသူ....

Oxygen ပိုက်တပ်ထားသော
ကောင်လေး၏ ဘေးတွင်
ကြောင်အစွာ ထိုင်နေပါသော လူသားတစ်ယောက်

သူ၏ ကိုယ်တွင်ရေများ ရွှဲစိုလို့နေခဲ့သည်။

ခေါင်းက ပတ်တီးပေါ် သွေးများစိမ့်ထွက်နေ
သော်လည်း လုံးဝအကိုင်ပင်မခံ

မေ့မြောနေသော မျက်နာလေးကိုသာကြည့်ရင်း
တိတ်ဆိတ်စွာ ကမ္ဘာပြိုနေလေတော့၏။



ငွေကြေးပိုင်းတွင် ဘုရင်တစ်ဆူဖြစ်သော
လုပ်ငန်းစု၏ အရေးကြီးလူနာမို့

ဆေးရုံရှေ့ရောက်သွားသည်နှင့်
အားလုံးအဆင်သင့်စောင့်ကြိုနေကာ
ခွဲခန်းသို့ ခေါ်ဆောင်သွားကြသူများ....။

သူ့နလုံးသားငယ်လေး
ကျသွားသည်တွင် ခေါင်းက
အောက်ကြမ်းပြင်နှင့်ရိုက်ထားသော
ဒဏ်ရာကများနေသည်မို့
စိုးရိမ်ဖွယ်ရှိနေခဲ့သည်။.

.
.
.

သွေးတွေသွင်းဖို့
သွေးဘဏ်မှ ထုတ်ယူလာသော
သွေးအိပ်ပေါင်းများစွာ...

စက်ပေါင်းများစွာ
သူ့ရှေ့တွင် တွင်းလိုက်ထုတ်လိုက်

ဆရာဝန် Nurseများ
ပြေးလွှားရူန်းကန်နေကြ၏

သူကတော့ ထွက်လာသမျှ
အရူးလိုပြေးမေးနေမိရင်း
သူခံစားနေရသောဝေဒနါ
တွေအတွက်နာကျင်ဖို့
မေ့လျှော့နေ၏

ကျစ်!!!

သို့သော်
Jiminရိုက်ခွဲထားသောခေါင်းဒဏ်ရာမှ
ထွက်လာသော သွေးပမာဏကလည်း
မနည်းတော့သည်မို့..

မူးဝေလါသူ

ဒဏ်ရာနဲ့ ရေထဲဆင်းဆည်ထားသော
ပင်ပန်းမူ့ကလည်းကိုယ်တွင်ကပ်နေသည်မို့..

သူ့မျက်လုံးတွေက ဝေဝါးဝါးဖြစ်နေရ၏

သို့သော် ရင်ထဲကမျှော်လင့်ချက်လေး
ကြောင့် မူးဝေနေသော ခေါင်းအားခါကာ
ပေတေစွာ အခန်းရှေ့ ရပ်နေခဲ့သူ။

ကမ္ဘာပြိုသော..မိုး "Completed"Where stories live. Discover now