episode (23)

7.3K 822 103
                                    

ငါးနစ်ခန့်ကြာသွားသော်
အရာရာက ပို၍ တည်ငြိမ်လာခဲ့၏

အချိန်တွေက ကုန်မြန်လာလေသလား
သဘာဝတရားကြီးကပဲ ဟန်ချက်ညီခဲ့လေသလား
မသိခဲ့
၅နစ်တာက ခဏလေးနဲ့ကုန်လို့သွားခဲ့လေသည်။

သူတို့နစ်ယောက်သည်လည်းအရင်ကထက်
တယောက်ပေါ်တ​ယောက် ပို၍
ချစ်မြတ်နိုးကြသော အကြင်လင်မယားဖြစ်
ရပ်တည်နေကြသည်မှာ...
ထိုငါးနစ်တာကသက်သေသာ...

.

.

.
လှပစွာနိုးထလာသော မနက်ခင်းလေးတစ်ခု....

*မဂ်လာပါနံနက်ခင်းလေးရေ*

^^ငါးနစ်တာအတွင်းကျတော့်ဘဝမှာ
ဘာတွေရှိလာလဲဆို....

ဖြူဖွေးဆိုတဲ့ ခွေးလေးရယ်
ရွှေခဲဆိုတဲ့ ကြက်တူရွှေးလေး
ပြီး ရွှေကောင်လေးဆိုတဲ့ လိပ်လေး
အပြင်

ကျတော်တို့အိမ်ရဲ့ဆည်းလည်းလေး
Chu Chu လေးတို့က ဒီငါးနစ်တာအတွင်း
ကျတော်တို့အိမ်လေးအတွင်း
ပြောင်းလဲလာခြင်းများသာ

ထိခိုက်မူ့ကြီးခဲ့သည်မို့ ခလေးမရနိုင်သော
ကျတော့်အတွက်.... လွန်ခဲ့သော ၂နစ်ခန့်က
ခလေးလေးတစ်ယောက်မွေးစားခွင့်ရခဲ့သည်။

ခလေးမေမေက မထင်မှတ်ပဲခလေးရသွားသော
နိုငိငံခြားမှာ တက္ကသိုလ်
သွားတတ်ရမည့် ဆယ်ကျော်သက် အရွယ်လေးမို့
မမွေးဖွားခင်ကထဲက...

ထိုခလေးမေမေ နေခဲ့သော
ဘုရားကျောင်းက
ဆစ်စတာကြီးအားသက်သေထားကာ
မွေးပြီးသည်နှင့်
ခေါ်ယူမွေးစားပါ့မည်ဟု စာချုပ်ကတိပေးကါ
ယူဆောင်ထားခဲသော.. ခလေးလေးသာ...

မောင်ကလည်း ကျတော်စိတ်တိုင်းကျ
ခွင့်ပြုသည့်အပြင် Chu chuကိုလည်း
ရင်သွေးလေးသဖွယ်ကြည့်ရူ့ချစ်ခင်ပေး၏။

နွေးထွေးပေး၏...

ခဏခဏ မိသားစုနှင့် အပျော်ခရီးတွေ
ထွက်ပေး၏

သူစိမ်းတရံတွေနဲ့ အခေါ်ပြောလုပ်တာ
သိပ်မကြိုက်သော မောင်က
ဒီလိုတွေနဲ့တော့ အကြိုက်ဆောင်ပေးလေ့ရှိ၏။^^

*မား*

*ဟင် *
***ရုတ်တရက် အတွေးလွန်နေသည်မို့
လန့်သွားသူလေး***

ကမ္ဘာပြိုသော..မိုး "Completed"Donde viven las historias. Descúbrelo ahora