episode(15)

8.9K 1K 120
                                    

ကမ္ဘာပြိုသော.. မိုး

အပိုင်း(၁၅)

မနက်မိုးလင်းလို့ နိုးထလာချိန်မှာ
ကိုယ့်ဘေးက လူဆိုးရှိမနေတော့...

ကြည့်ရတာ ညသန်းခေါင်
ထထွက်သွားပုံ.....

အမြဲတမ်း အထက်စီးဆန်ဆန်
ဖျက်စီးတတ်တဲ့ အတ္တသမားက

ညကတော့ သူမဟုတ်သလို
အလျှော့ပေးခဲ့ပြ၏။

ဒါပေမယ့်
ဒါတွေက အရိပ်ထင်နေတဲ့
ပုံရိပ်ယောင်တွေ

သူ့အတ္တဆိုးနိုးထလာတဲ့တနေ့မှာ

သူဟာ အရင်လိ​ု အရိုင်းစိုင်းသာ

.
.

ဒီနေ့မနက်လည်း အရင်ရက်တွေလိုသာ

အခန်းထဲနေလိုက် ငယ်လေးစားချင်တာတွေ
လုပ်ကျွေးလိုက်နဲ့သာ....

အချိန်ကုန်သွားခဲ့၏။

*မင်းမင်း နော် နဲ့တူတူ ရုပ်ရှင်ကြည့်ပေးပါလားလို့*

*မင်းမင်းမှမကြည့်ချင်တာ ငယ်ရယ်*

*ဟင်အင်း ပျင်းတယ်ဆို...
အဖော်မရှိဖူး ကျောင်းမှာ ဆို.
သူငယ်ချင်း တွေနဲ့ကြည့်ရတာ...*

*Arrrr မင်းမင်းစတာနော်
ခလေးလေး လာ *

မျက်နာလေးနွမ်းသွားတော့လည်း
စိတ်မကောင်းမိပါ

ကိုယ်မကောင်းခဲ့လို့သူလေးအခုလို
ဖြစ်နေရတာလေ.မဟုတ်လား။

စိတ်တွေက တစ်စက္ကန့် လေးတောင်
မပျော်ရပေမယ့် ခလေးရှိနေသေးတယ်
ဆိုတဲ့စိတ်လေးနဲ့ အရာရာကို
တင်းခံကျော်လွှားနေခဲ့ရ၏။

အခုတော့ TV Roomတွင်
သူလေးကြည့်နေသော စင်ဒရဲလား
ကာတွန်းကားအား လိုက်ကြည့်ပေးရင်း

အဖော်ပြုပေးနေမိသည်။

*မင်းမင်း နော် မင်းသားလေးလို.ဝတ်ပြီး
အဲ့ဒီလိုပွဲမျိုးတတ်ချင်တယ်...*

*ဟင် ခလေးက မင်းသားလေးလိုဝတ်ချင်တာလား*

*အင်းးး*

*ဒါဆို မင်းမင်းချုပ်ပေးမယ်နော်*

*ချုပ်ပေးရုံနဲ့ရဖူး လှလှလေးဝတ်ပြီး
ပွဲလည်းတတ်ချင်တယ်လေ *

ကမ္ဘာပြိုသော..မိုး "Completed"Donde viven las historias. Descúbrelo ahora