ကမ္ဘာပြိုသော.. မိုး
အပိုင်း(၁၀)*ငယ်လေးးး*
*မင်းမင်းးးးးး*
သူ့ကိုပေးနေထားသော
အခန်းထဲဝင်သွားသည်နှင့်
မုန့်တွေလွတ်ချကာ အနားသို့ပြေးလာသူလေး*ခလေးဘာတွေစားနေတာတုန်း*
*ငါးပါမုန့်ရယ် နွားနို့ရယ်*
*စားကောင်းလား*
*စားကောင်းတယ် မင်းမင်းး
မုန့်တွေကလေ ဟိုးထဲ့မှာတပုံကြီးဖဲ
ဟိုဦးဦးတွေကလည်းကြိုက်သလောက်
ယူစားတဲ့ အဲ့တာမင်းအတွက်ဖဲတဲ့. ဟီးး**ခလေးပျော်နေတယ်ပေါ့ ဟုတ်လား*
*အင်းးး စစက ဟိုကိုကိုကြီးကြောက်တယ်
ဒါမယ့် သူမမြငိရတဲ့နေရာမှာနေပြီး
နော်တို့မုန့်စားကြမယ်လေနော်...မင်းမင်း**အင်းးး ခလေးပြောသလိုလုပ်ကြတာပေါ့၊
အခုတော့ မင်းမင်း တို့အိပ်ရအောင်
ည၂နာရီရှိနေပြီလေ....။**အင်းးး မင်းမင်း နော့ကို
ကိုကျောင်းပြန်ပို့တော့ဖူးလား
နော့ကျောင်းကချင်းဂုတွေကို
ဒီမုန့်တွေကျွေးချင်တယ်**နောက်ပြီးကျရင်ပြန်ပို့ပေးမယ်နော်
ခလေးလေး **အင်း အင်းပြီးရော ဝှားးးး*
*သန်းနေပြီ အိပ်ကြရအောင်*
*နော့ ချော့သိပ်*
*အင်း အင်း အင်း*
*မွေ့ယာကြီးကကောင်းတယ်
မင်းမင်း နော့ကိုလည်းဝယ်ပေးနော်**ဝယ်ပေးမှာပေါ့*
*အိပ်ယာကောင်းကြီးပေါ်
အိပ်စက်ရတာကိုသူလေး
နစ်သက်နေပုံ...*သိမ့်လိုက်သည်နှင့်ခဏလေးအတွင်း
အိပ်ပျော်လို့သွားခဲ့လေပြီ။ခလေးအိပ်ပျော်သွားမှ
ထိန်းထားသော မျက်ရည်များအား
အတိုင်းအစမဲ့ လွတ်ချပေးမိခဲ့သည်။ငါ့ဘဝက သူ့အတွက် ပြစ်တန်ဆာလား
သူလိုအပ်ရင်ငါကနေနေပေးရမှာလား..
ငါကဘာလဲ ငါကဘယ်လိုအတန်းစားကလဲ.
.
ကိုယ့်ကိုကိုယ် တောင် ရွံရှာနေမိသော
ခန္ဒာကိုယ်ဖြင့်ခလေးနားလှဲအိပ်ဖို့က
မည်သို့မျှပင်ကြိုးစားခဲ့လို့မရခဲ့ပေ။
ESTÁS LEYENDO
ကမ္ဘာပြိုသော..မိုး "Completed"
Ficción Generalတစ်ခါတစ်လေအချစ်ဟာ ကြည့်မရခြင်းနဲ့စကာ မခွဲနိုင်ခြင်းနဲ့ဆုံးလေသတည်း။