Zawgyi
ဒီနေ့ ဟယ်ဂျင်းနူနားက တွေ့ရန်ချိန်းထားတာကြောင့် ဟိုဆော့ကဖင်တကြွကြွဖြစ်နေသည်။ဟိုးအရင်ကပိုးဆိုးပက်ဆက်
ကြိုက်ခဲ့တာကတစ်ကြောင်း လတ်တလောတွေ့ထားသည်ကတစ်ကြောင်းကြောင့် ထပ်တွေ့ဖို့ကိုစိတ်လှုပ်ရှားနေမိသည်။လက်ထပ်ထားတယ်ဆိုပေမဲ့လည်း နောက်ပိုင်းကျရင်ဂျယ်အွန်းနဲ့သူသေချာပြောပြီးကွာရှင်းဖို့လုပ်မည်ဖြစ်သည်။ကိုယ်မချစ်တဲ့သူနဲ့အတူနေနိုင်ဖို့ဆိုတာက နှစ်ယောက်လုံးအတွက်ခက်ခဲသည်ပင်မဟုတ်လား။
"ဆော့ကီ အများကြီးစောင့်လိုက်ရလား???"
တကယ်ကို ကိုယ်ကအခုချိန်ထိကိုသဘောကျနေသေးတယ်လို့ပြောတာကတခြားမဟုတ်။အခုချိန်ထိ သူမကယဉ်ယဉ်လေးနဲ့လှနေတုန်း။တကယ်ပါ ဂျယ်အွန်းနဲ့သာပေးစားမခံရင်
နူနားကိုလိုက်နေမိမလားပဲ။"Arnyi...အခုလေးတင်ပါပဲ နူနား"
"နူနားလည်းဖိတ်စာရွေးတာမှာနည်းနည်းကြာသွားတာမို့ အားနာလိုက်တာ..."
"အယ်...ဖိတ်စာ"
.
.
.
.
မိုးရာသီဝင်စဖြစ်သည့်အပြင် မုန်တိုင်းဝင်ရန်ရှိသည်ဟုပါကြေညာထားသောကြောင့်မိုးသားများကတရိပ်ရိပ်တက်လာတော့သည်။
မိုးရွာဟန်ပြင်နေပေမယ့် မိုးကမရွာနိုင်ပဲ ဆက်တိုက်မိုးတွေပဲချိန်းနေတာမျိုး။ကိုယ်လိုအဆွေးသမားကတော့ အရင်ကတည်းကကို မိုးရိပ်တက်လာရင် အချိန်မှန်ကိုဆွေးချင်နေတော့တာပဲ။
အရင်ကတော့လွမ်းစရာမရှိပဲ ဘာကိုလွမ်းနေမိမှန်းကိုမသိတာ။အခုတော့....
"ဂျယ်အွန်းနား....အာဂျီးမား လမ်းထိပ်မှာဈေးဝယ်ဖို့သွားလိုက်ဦးမယ်နော်"
"Nae...မိုးတွေရွာနေတာကို နောက်မှသွားပါလား အာဂျီးမားရယ်"
"ရတယ် သမီးလေးရဲ့ ဟင်းခတ်မှုန့်ကုန်နေတာပါတစ်ခါထဲဝယ်မလို့ နေခဲ့လို့ရတယ်မလား"
တစ်ပတ်ကိုမှတစ်ခါလောက်သာလာလေ့ရှိသော အာဂျီးမားက ကိုယ်တို့အိမ်ကဲ့လိုအပ်တာတွေမှန်သမျှကိုဝယ်ပေးကာဖြည့်သွားလေ့ရှိသည်။
ESTÁS LEYENDO
Artificial Love [Completed ]
FanficCasts- Jung Hoseok X oc We may hate each other but somehow we fell in love....💜