Episode 10

1.9K 237 18
                                    

"ဟိုဆော့ရှီ ကျမကိုသဘောကျလား???"

"ရုတ်တရက်ကြီး...ဒါနဲ့ မေမေ့သူ့မွေးနေ့နီးနေပြီမို့ ဂွမ်ဂျူကိုလာဖို့ပြောနေတယ် အားရင်တစ်ရက်လောက်သွားကြမလား??"

သူမကွာရှင်းဖို့ကိုပြောလိုက်မိပြီးမှ သူ့ဘက်ကခံစားချက်တွေကိုသေချာသိချင်လို့မေးလိုက်ပေမယ့် သေသေချာချာကြီးကိုရှောင်သွားပြန်ပါသည်။

သူမတကယ်ပဲလက်လွှတ်ပေးလိုက်ရတော့မလား....

"ဂျယ်အွန်းနား...ဘာဖြစ်လို့လဲ နေရတာမကောင်းလို့လား"

သူ့ကိုဘာစကားမှပြန်မပြောပဲအကြာကြီးစိုက်ကြည့်နေသည်မို့သူမေးလိုက်မိသည်။တကယ်ပဲ သူမကိုနားမလည်နိုင်တော့ဘူး။

တကယ်တော့ သူမပေါ်မှာကိုယ်ထားထားမိတဲ့ခံစားချက်တွေကိုတောင်ကိုယ်တိုင်သေချာမသိဖြစ်နေတာ။သဘောကျမိနေတာလား....ကွာရှင်းချင်နေခဲ့တာလား...

"ကျမ နားတော့မယ်နော် ဒီနေ့ညစာကိုဟိုဆော့ရှီအဆင်ပြေသလိုပဲစားလိုက်ပါနော် ကျမအားနာပါတယ်"

"အင်းအင်း ကောင်းကောင်းနားလိုက်ဦး"

တစ်ဖက်လှည့်သွားတဲ့သူမကိုစောင်ခြုံပေးကာ အခန်းထဲကထွက်လာလိုက်သည်။

*ဆန်ပြုတ်လုပ်ဖို့ အာဂျီးမားကိုခေါ်လိုက်ရမလား??

*မေမေ့ကိုပဲဖုန်းဆက်လိုက်ရမလား??

တီ..တီ..တီ..

"ဟိုလေး သားလေးပြော"

"နေကောင်းလား မေမေ"

"ကောင်းပါ့တော် ထူးထူးဆန်းဆန်းဖုန်းတွေဘာတွေဆက်လို့ပါလား"

"သားကိုဆန်ပြုတ်လုပ်နည်းလေးပြောပြပါလား အဟမ်း"

"ဟင်?...ဂျယ်အွန်းနေမကောင်းလို့လား သား"

"ဟုတ်တယ် သူမူးလဲသွားလို့သားကဆိုင်ကနေပြန်ခေါ်လာတာ"

"ဟဲ့ ကလေးကိုဂရုစိုက်နော် ကြားလား"

"မေမေကလည်း သားကျတော့မပြောဘူး😏"

"အပိုတွေမပြောနဲ့ သေချာဂရုစိုက်ပေးလိုက်ဦး"

"ဟုတ်..msg ကနေပို့ပေးနော်မေ သားမသိတာရှိရင်ထပ်မေးမယ် ဟီး"

Artificial Love [Completed ]Tempat cerita menjadi hidup. Temukan sekarang