Zawgyi
"ပီဇာလေးဝင်ဝယ်ကြမယ်လို့ပြောနေတာကိုအဲ့လောက်ခက်နေလား???"
"ဟိုရောက်ရင်လည်းစားကြမှာပဲဟာကိုဘာလို့အတင်းဝယ်ချင်နေလဲ"
မေမေတို့ရှိတဲ့ဂွမ်ဂျူကိုသွားနေရင်းနဲ့ပီဇာဝယ်ဖို့ဂျစ်တိုက်နေတာဖြစ်သည်။အရင်တုန်းကတည်ငြိမ်တယ်လို့ထင်ရတဲ့ယူဂျယ်အွန်းဆိုတာဘယ်ပျောက်သွားမှန်းမသိ။လူကိုအရင်ကထက်ပိုကာဂျစ်ကျနေသည်။
"ချစ်တယ်လို့ပြောပြီးတော့ အလိုလည်းမလိုက်ဘူး"
ဒီစကားကသူမလိုချင်တာမရတိုင်းပြောနေကြစကား။ဒီကတော့တကယ်ကိုအများကြီးချစ်ပေးနေတာကို လိုချင်တာမရတိုင်းလူကိုစိတ်မကောင်းဖြစ်အောင်လုပ်တယ်။
"ကိုယ်ချစ်တာကိုသိရဲ့သားနဲ့ကွာ..."
"ညာနေတာ😠"
သက်ပြင်းအရှည်ကြီးချကာသူမဘက်ကိုကြည့်လိုက်သည်။မျက်နှာကလုံးဝဆူပုတ်နေပြီး လိုချင်တာမရရင်မခေါ်မပြောတော့မဲ့ပုံစံဖြစ်နေပြီဖြစ်သည်။
"ကဲ...မေမေတို့ကိုဖုန်းဆက်ထားလိုက်မယ်ကွာ ဒီနားမှာတော့ရမယ်လည်းမထင်ဘူး...နော်..ဂျယ်အွန်းနား~"
မေမေတို့ဆီဖုန်းဆက်ပြီးတော့ပြောလိုက်သည်။ကိုယ်ကတောင်အဆူခံနေရသေး လိုချင်တာမလုပ်ပေးလို့။အကုန်လုံးကသူ့ကိုချစ်ကြတာမှတုန်လို့ သူတို့သားလေးကိုဆိုမေ့လို့။
"ရပြီလား.."
ထင်ထားတဲ့အတိုင်းပဲလုံးဝကိုလှည့်မကြည့်ပါဘူးဗျာ😃။
တစ်ခါတည်းနဲ့စိတ်ဆိုးပြေသွားရင် ယူဂျယ်အွန်းဘယ်ဟုတ်မလဲ။"Jagi ya~"
မျက်နှာချိုသွေးပြီးလက်ကိုလှမ်းကိုင်လိုက်တာကိုတော့ဘာမှ
ပြန်မပြော။နည်းနည်းတော့ပြေနေပြီဖြစ်သည်။"ကားကောင်းကောင်းမောင်းပါ ဂျောင်ဟိုဆော့ရှီ"
ကိုယ်လည်းတစ်ချက်တော့ဂျိုကြည့်ကြည့်ပေးလိုက်သည်။ပြောင်းခေါ်ဖို့ပြောထားတာကို လုံးဝကိုပြောလို့မရ ဟိုဆော့ရှီခေါ်လိုက် စိတ်ဆိုးနေရင်ဂျောင်ဟိုဆော့ခေါ်လိုက်နဲ့ အဆင်မပြေ။
CZYTASZ
Artificial Love [Completed ]
FanfictionCasts- Jung Hoseok X oc We may hate each other but somehow we fell in love....💜